30 C
Yangon

ရန်ကုန်မြို့လယ်တွင် ‘ရှင်သန်ခြင်းရဲ့ ပြည့်ဝတဲ့အဓိပ္ပာယ် တို့တော်လှန်မှ ရလိမ့်မယ်’ စာသားကိုင်ဆောင်ပြီး စစ်အာဏာရှင် ဖြုတ်ချရေး ချီတက်ဆန္ဒပြ

Must read

ရန်ကုန်၊ မေ ၁၃

အကြမ်းဖက်စစ်အာဏာရှင် ချေမှုန်းရေး ရန်ကုန်မြို့လယ်တွင် တော်လှန်ရေးလူငယ်များ၊ သပိတ်ကော်မတီများ ပူးပေါင်းကာ ‘The Full meaning of Survival, We will only get it from Revolution’ ‘ရှင်သန်ခြင်းရဲ့ ပြည့်ဝတဲ့အဓိပ္ပာယ် တို့တော်လှန်မှ ရလိမ့်မယ်’ စာသားပါဘန်နာအား ကိုင်ဆောင်ကာ ယနေ့ မေလ ၁၃ ရက် နံနက်တွင် ချီတက်ဆန္ဒပြကြသည်။

အဆိုပါ သပိတ်စစ်ကြောင်းတွင် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပုံကို ကတ္တရာလမ်းပေါ်ချကာ ဆေးနီများဖြင့် ပက်ပြီး စစ်အာဏာရှင် ဖြုတ်ချ‌ရေးကြွေးကြော်ဆန္ဒပြကြသည်။

စစ်အာဏာရှင် ချေမှုန်းရေး သပိတ်စစ်ကြောင်းကို ကြည့်မြင်တိုင်လူငယ်များသပိတ်ကော်မတီ၊ မင်္ဂလာတောင်ညွန်မြို့နယ်သပိတ်ကော်မတီ၊ ဗိုလ်တထောင်-ပုဇွန်တောင်လူငယ်များသပိတ်‌ကော်မတီ၊ တာမွေမြို့နယ်သပိတ်ကော်မတီ၊ သာကေတမြို့နယ်သပိတ်ကော်မတီ၊ အလုံမြို့နယ်သပိတ်ကော်မတီ၊ ကြည့်မြင်တိုင်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသ)၊ လူဘောင်သစ်လူငယ်များနှင့် မြို့နယ်လူငယ်များ ပူးပေါင်းချီတက်ဆန္ဒပြကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article