29 C
Yangon

ဖယ်ခုံ၊ အရှေ့ကာလရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၂ ဦးသေဆုံး

Must read

ဖယ်ခုံ၊ အရှေ့ကာလရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၂ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁၀

ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ အရှေ့ကာလရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ အရပ်သား ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း ဖယ်ခုံမြို့နယ် ပြည်သူလုံခြုံရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၈ ရက်နေ့ ည ၁၁ နာရီ ၅ မိနစ်ခန့်အချိန် ဖယ်ခုံမြို့နယ်၊ အရှေ့ကာလရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် စစ်ဘေးရှောင် ပြည်သူ ၂ ဦးသေဆုံးပြီး နေအိမ်များ ပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ နိုဝင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ အခြေစိုက်ထားသော လွိုင်လင်လေး အမြောက်စခန်းဘက်မှ ဖယ်ခုံမြို့နယ် အရှေ့ဖက်ကမ်းကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်သည် အဘက်ဘက်မှ ရှုံးနိမ့်နေခြင်းကြောင့် အပြစ်မဲ့ ပြည်သူများကို လေကြောင်းတိုက်ခိုက်ခြင်း၊ လက်နက်ကြီးအမြောက်ကျည်ဖြင့် ပစ်ခတ်ခြင်းများ ရမ်းသမ်းပြုလုပ်နေခြင်းကြောင့် ပြည်သူများ အနေဖြင့် သတိအကြီးကြီးထား၍ နေထိုင်သွားလာကြပါရန် ဖယ်ခုံမြို့နယ် ပြည်သူလုံခြုံရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article