နောင်ချို တောင်ခမ်းရွာနှင့် အမတ ၃၅၄ တပ်စခန်းတို့တွင် တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်
ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ် တောင်ခမ်းရွာနှင့် အမတ ၃၅၄ တပ်စခန်းတို့တွင် တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်နေကြောင်း TNLA က ပြောဆိုသည်။
ယနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ၉ နာရီ ၄၀ မိနစ်ခန့်တွင် နောင်ချိုမြို့ တောင်ခမ်းရွာ ဘုန်းကြီးကျောင်းနှင့် နံနက် ၁၁ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ အမြောက်တပ်ရင်း ၃၅၄ တပ်စခန်းတို့တွင် တိုက်ပွဲပြင်းထန်နေခြင်းဖြစ်ကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားလျက်ရှိသော နောင်ချိုမြို့ မကျီးရေရွာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ၁ ကြိမ် လာရောက် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ပွဲများသည် ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူမှ နောင်ချိုမြို့နယ်အတွင်းကို စစ်အင်အား ပြန်လည်ဖြည့်တင်းရန် ကြိုးပမ်းနေသည့် အကြမ်းဖက် စစ်တပ်က ထိုးစစ်ဆင်လာသောကြောင့် ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း TNLA က ပြောဆိုသည်။