ရန်ကုန်၊ မေ ၁၃
စစ်တပ်ရှေ့တန်းစခန်းမှ အရာရှိတစ်ဦးနှင့်အခြားအဆင့်တစ်ဦး လက်နက်အများအပြားဖြင့် CDM ဝင်၊ ပြည်သူ့ပန်းတိုင်အဖွဲ့က ကျပ်သိန်း ၃၀ ချီးမြှင့်မည်ဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာနကပါ ဆုထပ်မံချီးမြှင့်မည်ဖြစ်ကြောင်း ပြည်သူ့ပန်းတိုင်က အဖွဲ့က သတင်းထုတ်ပြန်သည်။ စစ်ကောင်စီတပ် ရှေ့တန်းစခန်းမှ အရာရှိတစ်ဦးနှင့် အခြားဆင့်တစ်ဦးဟာ စစ်ကောင်စီကိုစွန့်ခွာရန် ပြည်သူ့ပန်းတိုင်အဖွဲ့ဆီ ဆက်သွယ်ခဲ့ကြောင်း၊ ပြည်သူ့ပန်းတိုင်အဖွဲ့မှတဆင့် NUG-MODနှင့် KPICT အဖွဲ့များမှ ထပ်မံကူညီဆောင် ရွက်ပေးမှုကြောင့် အောင်မြင်စွာစွန့်ခွါနိုင်ခဲ့ပြီဖြစ်ကြောင်း၊ လက်နက်ခဲယမ်းများယူဆောင်နိုင်ခဲ့သောကြောင့် ပြည်သူ့ပန်းတိုင်အဖွဲ့မှ သိန်း ၃၀ ချီးမြှင့်သွားမှာဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာနကလည်း ထပ်မံချီးမြှင့်မည်ဖြစ်ကြောင်း၊ ရှေ့တန်းစခန်းမှ လက်နက်နှင့်တကွ CDM ပြုလုပ်လိုပါက ပြည်သူ့ပန်းတိုင်အဖွဲ့သို့ ဆက်သွယ်နိုင်ကြောင်း တရားဝင်သတင်းထုတ်ပြန်ထားသည်။