Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၁၆ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
ဒီကနေ့ နိုဝင်ဘာ ၁၆ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူတွေ နေထိုင်တဲ့ ခရစ်ယာန်ဘုရားကျောင်းကို စစ်တပ်က လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်တာကြောင့် ကလေးငယ် ၇ ဦး အပါအဝင် ပြည်သူ ၁၀ ဦး သေဆုံးပြီ ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသပြည်သူတွေက ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောပါတယ်။
အိန္ဒိယနိုင်ငံသားဟာ ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့နယ်က ကျားဖြန့်အွန်လိုင်း ငွေလိမ်လည်ဂိုဏ်း တစ်ခုဆီမှာ လူကုန်ကူးခံရပြီး အွန်လိုင်းငွေလိမ်ရေး အလုပ်လုပ်ကိုင်ဖို့ ငြင်းဆန်နေတာကြောင့် ညှဉ်းပန်းနှိပ်စက်ခံနေရတယ်လို့ The Time of India အပါအဝင် အိန္ဒိယသတင်းဌာနတချို့ရဲ့ သတင်းဖော်ပြချက်အရ သိရပါတယ်။
ဧရာ၀တီမြစ်တစ်လျှောက် မြစ်ရေစမ်းသပ်စစ်ဆေးမှုအရ မြစ်ကြီးနား၊ ဗန်းမော်နဲ့ စစ်ကိုင်းတိုင်းအတွင်း ကျေးရွာအများအပြားမှာ အဆိပ်သင့်သတ္တုတွေ ရေတွင်းပျော်ဝင်နေမှု မြင့်မားစွာ တွေ့ရှိရတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။