28 C
Yangon

ရေဦးတွင် ကျေးရွာများကို မီးရှို့နေသော စစ်တပ်ကို ခုခံတိုက်ခိုက်ရင်း PDF ၁ ဦးကျဆုံးပြီး စစ်တပ်ဘက်မှ ၅ ဦးသေဆုံး ၊ စစ်တပ်က စည်သာမြေနှင့် ပေကြီးရွာမှ နေအိမ် ၁၀၀ကျော်ကို မီးရှို့ ဖျက်ဆီး

Must read

ရန်ကုန်၊ မေ ၁၄

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်အတွင်းရှိ ပြည်သူပိုင်နေအိမ်များကို မီးရှို့ ဖျက်ဆီးနေသော စစ်တပ် စစ်ကြောင်းကို ယနေ့ မေလ ၁၄ ရက်နေ့ နံနက် ၈ နာရီခွဲတွင် PDF များက ခုခံ တိုက်ခိုက်ရာ PDF တပ်ဖွဲ့ဝင် ရဲဘော် မောင်ပြုံး ကျဆုံးခဲ့ကြောင်း ရေဦးကာကွယ်ရေး တပ်ဖွဲ့များ ထံမှ သိရသည်။ယနေ့ နံနက်ပိုင်းတွင် စစ်တပ်က ကန်ပေါက်ကျေးရွာကို ဝင်ရောက် စီးနင်းရန် ရောက်ရှိလာစဥ် PDF တပ်ဖွဲ့ဝင်များနှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ PDF ရဲဘော် ၁ ဦးကျဆုံးကာ စစ်သား ၅ ဦး သေဆုံးခဲ့ကြောင်း ရေဦး ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့ထံမှ သိရသည်။အဆိုပါ စစ်တပ်စစ်ကြောင်းသည် ပေကြီးရွာကို မေလ ၁၃ ရက်နေ့တွင် ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ် ၁၀၀ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ စည်သာမြေရွာကိုလည်း ယနေ့ မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် ထပ်မံ ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်ပိုင်နေအိမ် ၁၀လုံးကျော်ကို မီးရှို့ဖျက်ဆီး ခဲ့ကြောင်း သိရသည်။” စည်သာမြေ​ကျွေးရွာက ပြည်သူပိုင် နေအိမ် ၁၀ လုံးကျော်ကို စစ်ခွေးတွေ မီးရှို့သွားတယ်။ မီးလောင်နေတဲ့ ပြည်သူပိုင် နေအိမ်တွေကို ဒေသခံ ကာကွယ်ရေး တပ်ပေါင်းစုက ဝိုင်းဝန်း မီးငြိမ်းသတ် ပေးခဲ့တယ်။ ပေကြီးရွာကတော့ အိမ်ခြေ ၁၀၀ လောက် မီးထဲပါသွားတယ်။ အဲ ၂ ရွာလုံးမှာတော့ ပြည်သူထိခိုက်တာမရှိဘူး” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။လက်ရှိအချိန်တွင် အကြမ်းဖက် စစ်တပ်သည် ချမ်းသာရွာသို့ ရောက်ရှိနေပြီး နီးစပ်ရွာ ကျေးရွာများရှိ ပြည်သူများလည်း ဘေး လွတ်ရာသို့ ထွက်ပြေးနေရကြောင်း သိရသည်။
Photo – အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးသွားသော စည်သာမြေရွာ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article