27 C
Yangon

ချောင်းဦးနှင့် မုံရွာ နယ်စပ်ကို စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံး

Must read

ချောင်းဦးနှင့် မုံရွာ နယ်စပ်ကို စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၂၃

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်နှင့် မုံရွာမြို့နယ် အစပ်ကို စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်ကို ဒရုန်းဖြင့် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Chaung U People’s Defence Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့ စီးပွားရေး တက္ကသိုလ် ကျောင်းဝင်းအတွင်းမှ သံပြားကာကား ၄ စီး၊ faw ကား ၁ စီး အင်အား ၁၀၀ ကျော်ခန့်ဖြင့် ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဗောဓိတထောင် ဘုရားအနီး ရွှေမြင်တင်တောင် ဝန်းကျင်ကို စစ်ကြောင်းထိုး ဝင်ရောက်လာပြီး အနီးဝန်းကျင်ရှိ ကျေးရွာများမှ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းနှင့် ပြည်သူများကို ဓားစာခံ အဖြစ် ဖမ်းဆီးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၂၁ ရက်နေ့ မွန်းလွဲပိုင်းနှင့် ညနေပိုင်းတွင် ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် CHU PDF တပ်ဖွဲ့ ၁ က စစ်ကြောင်းကို Drone အသုံးပြု၍ ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေး ၃ ကောင်သေပြီး ထိခိုက်မှုများတယ်။ အဲနေ့ကကိုပဲ သံပြာကာကား ၁ ဦးနဲ့ ခေါ်သွားသေးတယ်။ အဲတာက ကျွန်တော်တို့ မျက်မြင်မဟုတ်တဲ့ အတွင်း မျက်မြင်တွေ့ခဲ့တာကိုပဲ အတည်ပြုထုတ်ပြန်တာပေါ့။ နေအိမ် ၂ လုံးကို စစ်ခွေးတွေက မီးရှို့ဖျက်ဆီးသွားတယ်။ ပြည်သူ ၂၀ လောက်ဖမ်းဆီးခံရတယ်။ စစ်ကောင်စီ ထုတ်ပြန်ထားတဲ့ လက်နက်နဲ့ ဖမ်းမိတယ်ဆိုတဲ့ ၄ ဦးက ပြည်သူတွေပါ။ အဲ ၄ ဦးကို အခုထိ ပြန်မလွှတ်ဘူး။ ကျန်တဲ့သူတွေ ပြန်လွတ်တယ်လို့တော့ကြားတယ်။ အဲ ၄ ဦးကို စီးပွားရေး တက္ကသိုလ် ကျောင်းဝင်းထဲ ခေါ်သွားတယ်လို့ သိရတယ်။ ကျွန်တော်တို့က စစ်ခွေးတွေ စစ်ကြောင်း ထိုးတဲ့ အခါမှာ ပြည်သူတွေကို ကြိုရှောင်ဖို့ သတင်းပေးတာတွေရှိတယ်။ အဲတာတွေကို ပြည်သူတွေအနေနဲ့ သတိထား လိုက်နာပေးဖို့ မေတ္တာရပ်ခံပါတယ်” ဟု Chaung U People’s Defence Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်က PDF တပ်ဖွဲ့ဝင်များဟု လိမ်လည် သတင်းထုတ်ပြန်ထားသော ဘန်စီကျေးရွာမှ ကိုငြိမ်း ၊ ကိုဝေလင်းသူနှင့် မုံရွေးကျေးရွာမှ ကို၀င်းဇော်၊ မချောစု တို့ကို လက်ရှိချိန်ထိ ပြန်လွှတ်ပေးခြင်းမရှိဘဲ စီးပွားရေး တက္ကသိုလ် ကျောင်းဝင်းအတွင်းကို ခေါ်ဆောင်သွားကာ ကျန်ရှိသူများကို ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို special force 11 အဖွဲ့က scout drone ဖြင့် ကင်းထောက်ကူညီပေးပြီး ဒိတ်ဒိတ်ကြဲ အဖွဲ့ နှင့် မုံရွာမြို့နယ်အတွင်း ပကဖ ရဲဘော်များက ချောင်းဦး မြို့နယ် ပကဖ ရဲဘော်များနှင့်အတူ ကာကင်းတာဝန်ယူပေးကာ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းစစ်ကြောင်းသည် ယနေ့ ညနေပိုင်းတွင် မုံရွာ စီးပွားရေး တက္ကသိုလ်အတွင်းကို ပြန်လည်ဝင်ရောက်သွားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article