26.4 C
Yangon

မြင်းမူမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းကို MBTT အဖွဲ့က မိုင်းခွဲတိုက်ခိုက်ရာ စစ်ကား ၂ စီးပျက်စီးပြီး စစ်သား ၁၈ ဦးသေဆုံး ၁၀ ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊ မေ ၁၅

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် ဘိုးမင်းကြီးကင်းနှင့် ဂွေးပေင်တောကျေးရွာကြားတွင် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို မြောင်ဗိုလ်တောက်ထွန်းအဖွဲ့ MBTT က ယမန်နေ့ မေလ ၁၄ ရက်တွင် မိုင်းခွဲတိုက်ခိုက်ရာ စစ်ကား ၂ စီး ပျက်စီးပြီး စစ်သား ၁၈ ဦး သေဆုံးကာ ၁၀ ဦး ဒဏ်ရာအပြင်းအထန်ရရှိကြောင်း MBTT က သတင်းထုတ်ပြန်သည်။

စစ်ကား ၆ စီးပါသော အဆိုပါ စစ်ယာဉ်တန်းသည် မြင်းမူ၊ အလ္လပက္ကရွာမှ ချောင်းဦးဘက်သို့ လာစဉ် ရှေ့ထွက်မိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရခြင်းဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုကို MBTT၊ 11 Brothers Revolution Forces-မြောင်၊ မြောင်မြို့နယ် TGR ပြည်သူ့ကာကွယ်ရေးတပ်၊ ဗိုလ်နေတိုးအထူးပြောက်ကျားအဖွဲ့၊ Burmese Guerrilla Force-BGF မြင်းခြံနှင့် Saw Bwar Gyi MPDF တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓါတ်ပုံ – စစ်ကိုင်းတိုင်းအတွင်း တွေ့ရသော စစ်ကောင်စီယာဉ်တန်း တခု (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article