27 C
Yangon

စစ်ကိုင်း၊ တောင်ရင်းရွာတွင် တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ၊ စစ်တပ်က ပြည်သူ ၃၀ ခန့်ကို လူသားဒိုင်း အဖြစ် ဖမ်းဆီးပြီး ရွာထဲမှ ထွက်ပြေး

Must read

စစ်ကိုင်း၊ တောင်ရင်းရွာတွင် တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ၊ စစ်တပ်က ပြည်သူ ၃၀ ခန့်ကို လူသားဒိုင်း အဖြစ် ဖမ်းဆီးပြီး ရွာထဲမှ ထွက်ပြေး

ရန်ကုန်၊ နိုဝင်ဘာ ၂၈

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ တောင်ရင်းရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိပြီး စစ်တပ်က ပြည်သူ ၃၀ ခန့်ကို လူသားဒိုင်း အဖြစ် ဖမ်းဆီးကာ ရွာထဲမှ ထွက်ပြေးသွားကြောင်း ရွှေဘိုခရိုင် အမှတ် ၁၈-တပ်ရင်း တပ်ထောက် တာဝန်ခံ ကိုနေမျိုးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက်အစောပိုင်းတွင် ပဒူရွာမှ ထွက်လာသော အင်အား ၁၀၀ ကျော်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် တောင်ရင်းရွာကို ဝင်ရောက်စီးနင်းပြီး ကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းတွင် ဝင်ရောက် တပ်စွဲခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော နေရာ ၂ ခုကို ရွှေဘိုခရိုင် အမှတ် ၁၈-တပ်ရင်း မှ တော်လှန်ရေးရဲဘော်များက ညနေပိုင်းတွင် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်မှုရှိသောကြောင့် လေယာဉ်ဖြင့် ပစ်ကူပေး ဗုံးကျဲ တိုက်ခိုက်သွားကြောင်း သိရှိရသည်။

“စစ်ခွေးသေစာရင်းတော့ မသိရသေးဘူး။ သူတို့နောက်ဆုတ်သွားတယ်။ စစ်ခွေး အလောင်းတွေလည်း ကျွန်တော်တို့ ဘာမှမရလိုက်ဘူး။ ရွာထဲမှ ခွေးတွေမရှိတော့ဘူး။ မနေ့က ကျွန်တော်တို့ တိုက်ပွဲဖြစ်ပြီးတဲ့ နောက်မှာခွေးတွေ နောက်ဆုတ်သွားတယ်။ မနေ့က မနက်အစောကြီးဝင်ပြီးတော့ တပ်စွဲတာ ဒီတစ်ခါတော့ ကျွန်တော်တို့ တိုက်ထုတ်လိုက်တာပေါ့။ ရွာဘေးမှာ လယ်လုပ်နေတဲ့ ပြည်သူ ၃၀ လောက်ကို ဖမ်းသွားတာရှိတယ်။ ပြန်မလွှတ်သေးဘူး။ သူတို့က စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းမှာ ၂ နေရာ တပ်စွဲထားတာ ကျွန်တော်တို့က အဲ ၂ နေရာလုံးကို တပြိုင်တည်း ဝင်တိုက်တာပေါ့။ စစ်ခွေးတွေ ပြန်ဆုတ်သွားပြီး မိနစ် ၂၀ လောက်ကြာမှ သူတို့ တပ်စွဲခဲ့တဲ့ ဘုန်းကြီးနဲ့ စာသင်ကျောင်းကို လေယာဉ်နဲ့ ဗုံးလာကျဲတာပေါ့။ စစ်ခွေးတွေ ပဒူရဲစခန်းကို ပြန်ဝင်သွားပြီ” ဟု ရွှေဘိုခရိုင် အမှတ် ၁၈-တပ်ရင်း တပ်ထောက် တာဝန်ခံ ကိုနေမျိုးက ပြောဆိုသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် တောင်ရင်းရွာအနီးအနားတွင် စိုက်ပျိုးရေး လုပ်ဆောင်နေသည့် ပြည်သူ ၃၀ ခန့်ကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးထားပြီး လက်ရှိချိန်ထိ ပြန်လွှတ်ပေးခြင်းမရှိကြောင်း၊ မြေပြင်တွင် စစ်ရေး ဆက်လက် တင်းမာလျက်ရှိကြောင်း တပ်ထောက် တာဝန်ခံ ကိုနေမျိုးက ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article