19.7 C
Yangon

ဟုမ္မလင်း၊ စစ်တပ်နှင့် SNA ပူးပေါင်း တောင်ယာမော်စခန်းကြီးကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သားနှင့် SNA အဖွဲ့ဝင် ၁၀ ဦးကျော် အရှင်ဖမ်းမိ

Must read

ဟုမ္မလင်း၊ စစ်တပ်နှင့် SNA ပူးပေါင်း တောင်ယာမော်စခန်းကြီးကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သားနှင့် SNA အဖွဲ့ဝင် ၁၀ ဦးကျော် အရှင်ဖမ်းမိ

ရန်ကုန်၊ နိုဝင်ဘာ ၃၀

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ပါဟုတ်ရွာအနီး စစ်တပ်နှင့် SNA ပူးပေါင်းတပ်၏ တောင်ယာမော်စခန်းကြီးကို KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်သားနှင့် SNA အဖွဲ့ဝင် ၁၀ ဦးကျော် အရှင်ဖမ်းမိခဲ့ကြောင်း KIA စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်း အဆိုပါ စစ်တပ်နှင့် SNA တောင်ယာမော် စခန်းကြီးကို KIA နှင့် PDF ပူးပေါင်းတပ်များက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်ပြီး လက်နက် အများအပြားလည်း သိမ်းဆည်းရမိထားကြောင်း သိရှိရသည်။

“သေဆုံးစာရင်း မရသေးဘူး။ SNA နဲ့ စစ်ခွေး အရှင် အယောက် ၁၀ ကျော် ဖမ်းမိထားတယ်။ အဲဒီစခန်းက စစ်ခွေးနဲ့ SNA ပေါင်းရင် အင်အား ၁၀၀ ကျော်ရှိမယ် “ဟု စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဟုမ္မလင်းမြို့နယ်အတွင်း KIA နှင့် PDF ပူးပေါင်းတပ်များနှင့် အကြမ်းဖက်စစ်တပ်၊ ရှမ်းနီပြည်သူ့စစ် SNA ပူးပေါင်းတပ်တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ လချီ ကြာနေပြီ ဖြစ်ကြောင်း၊ နိုဝင်ဘာလ နောက်ဆုံးပတ်မှစ၍ ပါဟုတ်ရွာအနီး တိုက်ပွဲများ ဖြစ်ပွားခဲ့ကာ စစ်တပ်ဘက်မှ အထိအခိုက်အကျအဆုံးများပြားနေကြောင်း၊ စစ်တပ်စခန်းများကိုလည်း KIA ပူးပေါင်းတပ်များက ဆက်တိုက် သိမ်းပိုက်လျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article