24 C
Yangon

အကြမ်းဖက်စစ်တပ်က ဓားစာခံအဖြစ် ဖမ်းဆီးထားသော ထိုင်းငါးဖမ်းသမား ၄ ဦး မကြာမီ ပြန်လည် လွတ်မြောက်လာမည်ဟု ထိုင်းဝန်ကြီးချုပ် ပြော

Must read

အကြမ်းဖက်စစ်တပ်က ဓားစာခံအဖြစ် ဖမ်းဆီးထားသော ထိုင်းငါးဖမ်းသမား ၄ ဦး မကြာမီ ပြန်လည် လွတ်မြောက်လာမည်ဟု ထိုင်းဝန်ကြီးချုပ် ပြော

ရန်ကုန်၊ ဒီဇင်ဘာ ၃

မြန်မာအကြမ်းဖက်စစ်တပ်က ဖမ်းဆီးထားသော ထိုင်းငါးဖမ်းသမား ၄ ဦး မကြာမီ ပြန်လည် လွတ်မြောက်လာမည်ဟု ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatraက ပြောဆိုကြောင်း ထိုင်း Khaosod English သတင်းဌာနက သတင်းဖော်ပြသည်။

နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက်စောပိုင်း ထိုင်းငါးဖမ်းစက်လှေများကို မြန်မာစစ်ကောင်စီ၏ ရေတပ်သင်္ဘောက ပစ်ခတ်ရာ ထိုင်းနိုင်ငံသား ၁ ဦး ရေနစ်သေဆုံးခဲ့ပြီး ၂ ဦးဒဏ်ရာရရှိကာ ငါးဖမ်းသမား ၃၁ ဦးကို မြန်မာစစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း၊ ယင်းသင်္ဘောသား ၃၁ ဦးတွင် မြန်မာနိုင်ငံသား ၂၇ ဦးနှင့် ထိုင်းနိုင်ငံသား ၄ ဦးတို့ပါဝင်ကြောင်း သိရှိရသည်။

ထိုင်းဝန်ကြီးချုပ်၏ အဆိုအရ မြန်မာစ်စတပ်က ဖမ်းဆီးထားသော ထိုင်းနိုင်ငံသား ငါးဖမ်းသမား ၄ ဦး ဘေးကင်းပြီး မကြာမီ လွတ်မြောက်မည်ဖြစ်ကြောင်း၊ သို့ရာတွင် အချိန်အတိအကျနှင့် အဆိုပါ ဖမ်းဆီးထားသူများထံသို့ ထိုင်းအာဏာပိုင်များက သွားရောက်တွေ့ဆုံခွင့်ရှိ၊ မရှိတို့ကို အသေးစိတ် ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

မြန်မာအကြမ်းဖက်စစ်ကောင်စီကမူ ထိုင်းငါးဖမ်းစက်လှေကို စစ်ကောင်စီ၏ ရေတပ်က ပစ်ခတ်ခဲမှုမှာ မြန်မာရေပိုင်နက်အတွင်း ကျူးကျော်၍ လုပ်ထုံး လုပ်နည်းအရ ပစ်ခတ် ဖမ်းဆီးမှုအဖြစ် အကြမ်းဖက်စစ်တပ်ပြောရေးဆိုခွင့်ရှိသူ အကြမ်းဖက် ဇော်မင်းထွန်းက ခုခံကာကွယ်ပြောဆိုပြီး လူထိခိုက်သေဆုံးမှု မရှိခဲ့ကြောင်း၊ ဖမ်းဆီးထားသူများကို ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်း၊ ငါးဖမ်းစက်လှေပေါ်တွင် လက်နက်ခဲယမ်းမဟုတ်သော တော်လှန်ရေးအဖွဲ့များနှင့်ဆက်နွယ်သော ပစ္စည်းများ တွေ့ရှိရ၍ ဆက်လက်စစ်ဆေးနေကြောင်း အကြမ်းဖက် ဇော်မင်းထွန်းက ဆိုသည်။

ဓာတ်ပုံ- မြန်မာစစ်တပ်၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့သော ထိုင်းငါးဖမ်းသမားတစ်ဦးကို သယ်ဆောင်လာစဉ်။

Photo- AFP

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article