28 C
Yangon

ကြို့ပင်ကောက်-အုတ်ဖို နယ်စပ်တွင် ရဲတပ်ကြပ်ကြီး စန်းနိုင် အမိန့်ဖြင့် PDF တပ်ဖွဲ့များ၏ သတင်းကို လိုက်လံ စုံစမ်းနေသည့် ပျူစောထီး ဇော်ဝင်းနိုင် ပစ်ခတ်ခံရပြီး သေဆုံး

Must read

ကြို့ပင်ကောက်-အုတ်ဖို နယ်စပ်တွင် ရဲတပ်ကြပ်ကြီး စန်းနိုင် အမိန့်ဖြင့် PDF တပ်ဖွဲ့များ၏ သတင်းကို လိုက်လံ စုံစမ်းနေသည့် ပျူစောထီး ဇော်ဝင်းနိုင် ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၃

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြိုနယ်နှင့် အုတ်ဖိုမြို့နယ် အစပ်တွင် ရဲတပ်ကြပ်ကြီး စန်းနိုင် အမိန့်ဖြင့် PDF တပ်ဖွဲ့များ၏ သတင်းကို လိုက်လံ စုံစမ်းနေသည့် ပျူစောထီး ဇော်ဝင်းနိုင် ကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် သာယာဝတီခရိုင် အမှတ် ၁ တပ်ရင်း တပ်ခွဲ ၅ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ကြို့ပင်ကောက်မြို့နယ် နှင့် အုတ်ဖိုမြို့မှ ရဲတပ်ကြပ်ကြီး စန်းနိုင်၏ အမိန့်ဖြင့် PDF တပ်ဖွဲ့များ၏ လှုပ်ရှားမှုများကို စုံစမ်း ထောက်လှမ်းနေသော ပျူစောထီး ဇော်ဝင်းနိုင် (ခ) ကုလားကို တော်လှန်ရေး တပ်ဖွဲ့များ အရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးထားစဉ် နိုဝင်ဘာလ ၃၀ ရက်နေ့၌ ပျူစောထီး ဇော်ဝင်းနိုင်သည် တော်လှန်ရေး တပ်ဖွဲ့များကို ခုခံပြီး ထွက်ပြေးသွားသောကြောင့် ပစ်ခတ်ဖမ်းဆီးရာ သေဆုံးခဲ့ကြောင်း သိရှိရသည်။

ပြည်သူများ အနေဖြင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် စစ်တပ် ဒေါက်တိုင်များနှင့် အဝေးဆုံးတွင် နေထိုင်ကြရန်နှင့် သာယာဝတီခရိုင် အမှတ် ၁ တပ်ရင်း တပ်ခွဲ ၅ မှ တော်လှန်ရေး ရဲဘော်များ အနေဖြင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် စစ်တပ် ဒေါက်တိုင်များကို ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း သာယာဝတီခရိုင် အမှတ် ၁ တပ်ရင်း တပ်ခွဲ ၅ မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article