26 C
Yangon

ဖယ်ခုံမြို့ပေါ်ကို ပြည်သူများ ပြန်လည် နေထိုင်ရန် စစ်တပ်က ခြိမ်းခြောက် ခေါ်ဆောင်နေပြီး နေရပ်ပြန်လာသည့် ပြည်သူ ၁ ဦး စစ်တပ် ထောင်ထားသော မိုင်းနင်းမိပြီး သေဆုံး

Must read

ဖယ်ခုံမြို့ပေါ်ကို ပြည်သူများ ပြန်လည် နေထိုင်ရန် စစ်တပ်က ခြိမ်းခြောက် ခေါ်ဆောင်နေပြီး နေရပ်ပြန်လာသည့် ပြည်သူ ၁ ဦး စစ်တပ် ထောင်ထားသော မိုင်းနင်းမိပြီး သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၆

ရှမ်းပြည်နယ်နှင့် ကရင်နီပြည်နယ် အစပ်ရှိ ဖယ်ခုံမြို့ပေါ်ကို ပြည်သူများ ပြန်လည် နေထိုင်ရန် အကြမ်းဖက် စစ်တပ်က ခြိမ်းခြောက် ခေါ်ဆောင်နေပြီး နေရပ်ပြန်လာသည့် ပြည်သူ ၁ ဦး စစ်တပ် ထောင်ထားသော မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဖယ်ခုံမြို့နယ် ပြည်သူလုံခြုံရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖယ်ခုံမြို့ပေါ်ကို ပြည်သူများ ပြန်လာနေထိုင်ရန်အတွက် အကြမ်းဖက် စစ်ကောင်စီ လော်ဘီ များက Facebook Page များတွင် ပြည်သူများကို ခြိမ်းခြောက်၍ ပြန်လည် ခေါ်ဆောင်နေခြင်းဖြစ်ပြီး လာရောက်ခြင်းမရှိသူများကို PDF ထောက်ပို့ဟု သတ်မှတ်၍ ကျေးရွာများကို နေ့စဉ် လက်နက်များဖြင့် ပစ်ခတ် တိုက်ခိုက်မည်ဟု ရေသားဖြန့်ဝေနေခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ လော်ဘီများ၏ ခြိမ်းခြောက်မှုများကြောင့် ဒီဇင်ဘာလ ၅ ရက်နေ့တွင် နေအိမ်သို့ ပစ္စည်းပြန်လာယူသည့် ပူချယ်ကျေးရွာမှ အမျိုးသား ၁ ဦးသည် အကြမ်းဖက် စစ်တပ်က ထောင်ထားသော မြေမြုပ်မိုင်း နင်းမိပြီး ပွဲချင်ပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။

“ပူချယ်ကျေးရွာမှာ မြေမြုပ်မိုင်းနင်းမိတာပါ။ အိမ်ပြန်နေလို့ရပြီလို့ စစ်ခွေးက ပြောတာကြာပြီ မနေ့ကမှ အိမ်မှာ ပစ္စည်းတစ်ခုပြန်ယူမယ်ဆိုပြီး ပြန်လိုက်တာကနေ သူ့အိမ်ရှေ့ လှေကားအနီးမှာ မိုင်းနင်းမိတာ အူတွေ ထွက်ကုန်ပြီး ပွဲချင်းပြီးသေသွားတယ်။ ပြည်သူတွေက ပြန်လို့ရတယ်ဆိုပြီး ပစ္စည်းပြန်ယူမယ်ဆိုပြီးတော့ပြန်တာ မိုင်းနင်းမိတယ်လို့ပဲ ကြားမိတယ်” ဟု ဖယ်ခုံမြို့နယ် ပြည်သူလုံခြုံရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်တက်သည် ပြီးခဲ့သည့် နိုဝင်ဘာလကလည်း ဖယ်ခုံမြို့နယ် အတွင်းရှိ ကျေးရွာများကို တိုက်ပွဲဖြစ်ပွားချင်းမရှိဘဲ လက်နက်ကြီး၊ လေယာဉ်ဖြင့် အကြိမ်ကြိမ် ပစ်ခတ် တိုက်ခိုက်မှုကြောင့် ကလေးငယ်နှင့် အမျိုးသမီးများ အပါအဝင် အထိခိုက်သေဆုံးသူများပြားခဲ့ကြောင်း၊ ကလေးသူငယ်များ ၊ အမျိုးသမီးများ အပါအဝင် ပြည်သူလူထု အပေါ် နိုင်ထက်စီးနင်းမှု ပြုလုပ်နေသော အကြမ်းဖက် စစ်တပ်တပ်မှ ဖယ်ခုံမြို့ကို ပြန်လာနေရန် ခေါ်ယူနေမှုအပေါ် ပြည်သူများမှ သတိနှင့် စဉ်းစားတွေးခေါ် ဆုံးဖြတ်ကြရန်နှင့် အကြမ်းဖက် စစ်တပ်၏ ခြိမ်းခြောက်မှုအပေါ် ပြည်သူများမှလည်း သတိနှင့် သွားလာကြရန် တိုက်တွန်းနှိုးဆော်အပ်ကြောင်း ဖယ်ခုံမြို့နယ် ပြည်သူလုံခြုံရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

Photo – အကြမ်းဖက် စစ်တပ်က ထောင်ထားသော နင်းမိုင်းများကို တော်လှန်ရေး တပ်ဖွဲ့ဝင်များက ရှင်းလင်းရေး ပြုလုပ်နေစဉ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article