25 C
Yangon

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း မြန်မာနိုင်ငံကိုယ်စားပြု သံအမတ်ကြီးအဖြစ် ကုသလမဂ္ဂတွင် ဆက်လက် ရပ်တည်ခွင့်ရရှိ

Must read

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း မြန်မာနိုင်ငံကိုယ်စားပြု သံအမတ်ကြီးအဖြစ် ကုသလမဂ္ဂတွင် ဆက်လက် ရပ်တည်ခွင့်ရရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၇

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း မြန်မာနိုင်ငံကိုယ်စားပြု သံအမတ်ကြီးအဖြစ် ကုသလမဂ္ဂတွင် ဆက် လက် ရပ်တည်ခွင့်ရရှိကြောင်း NUG နှင့် နယူးယောက်ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံးထံမှ သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက နှစ်စဉ် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်း၏ နေရာတွင် ၎င်း၏ သံအမတ်ဖြင့် အစားထိုးရန်အတွက် ကုလသမဂ္ဂထံသို့ တင်ပြလျက်ရှိရာ ယခုနှစ်တွင်လည်း တင်ပြခဲ့ကြောင်း၊ သို့ရာတွင် ကုလသမဂ္ဂက သံ အမတ်ကြီး ဦးကျော်မိုးထွန်းကိုသာ မြန်မာနိုင်ငံကိုယ်စားပြု သံအမတ်ကြီးအြဖစ် ကုလသမဂ္ဂတွင် ဆက်လက် ရပ်တည်ခွင့်ပြုလိုက်ကြောင်း သိရှိရသည်။

“UN Credentials Committee က ဒီမြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ သံအမတ်ကြီးနေရာအတွက် ဆုံးဖြတ်တဲ့နေရာမှာ အပြောင်းအလဲ မလုပ်တဲ့အတွက် အရင်အတိုင်းပဲ သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံကိုယ်စားပြုခွင့် ဆက်လက်ရရှိတယ်လို့ နားလည်ထားပါတယ်။ ” ဟု နယူးယောက်ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် ရုံးနှင့် နီးစပ်သော သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အ ဖြစ် ၁ နှစ်ထပ်မံ သက်တမ်းတိုး တာဝန်ထမ်းဆောင်ခွင့်ရရှိမှုအတွက် ဂုဏ်ယူကြောင်း လူမှုကွန်ရက်တွင် ရေးသားထားသည်။

“အကြမ်းဖက်စစ်အုပ်စုကကိုယ်စားပြုဖို့ ကြိုးစား နေတာကို ဆက်လက် တားဆီးနိုင်ခဲ့ပြန်ပါပြီ။ ပြည်သူတို့ရဲ့အသံ ဆန္ဒ တွေကို ကုလစင်မြင့်ကတဆင့် ဆက်လက်အသံမြှင့်ပေးနိုင်ပါစေ။ ဒါဟာ ပြည်သူ့တွေရဲ့ အောင်ပွဲ တခုပါပဲ” ဟု NUG ဝန်ကြီး ဦးအောင်မျိုးမင်းက လူမှုကွန်ရက်တွင် ရေးသားထားသည်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်မှစတင်၍ ကုလသမဂ္ဂတွင် မြန်မာနိုင်ငံကိုယ်စားပြု သံအမတ်ကြီးအဖြစ် ဆက်လက် ရပ်တည်နေပြီး အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံတကာနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ချက်ချင်း အရေးယူရန် တစိုက်မတ်မတ် တင်ပြတောင်းဆိုလျက်ရှိသည့် ပြည်သူ့ဘက်တော်သား သံအမတ်ကြီးဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article