ရန်ကုန်၊ မေ ၁၇
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့၊ သမိုင်းလမ်းဆုံတွင် စစ်တပ်က အသစ်ဆောက် လုပ်ထားသော လုံခြုံရေးဘန်ကာထဲသို့ ဗုံးပစ်သွင်းပြီး ပစ်ခတ်မှုများ လုပ် ဆောင်သဖြင့် ရဲ ၂ ဦးထက်မနည်းဒဏ်ရာရရှိကြောင်း၊ ရဲဘက်မှ သေဆုံးမှုရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။
မေလ ၁၇ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ကျော်အချိန်တွင် ယင်းပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်ပြီး ရဲ ၂ ဦးထက်မနည်း ဒဏ်ရာရရှိကာ သေဆုံးမှုများရှိကြောင်း၊ မျက်မြင်တချို့ကမူ ရဲ ၄ ဦးဒဏ်ရာရရှိကြောင်း ပြောဆိုကြသည်။
“အက်ရှင်ကားဆန်ဆန်ပဲဗျ။ အဖြစ်အပျက်ကတော့ မြင်ရတာလေ။ ဟိုဘက်က လာပစ်တာ။ အနီးကပ်ပဲ” ဟု မျက်မြင်တစ်ဦးက ပြောသည်။
ဓာတ်ပုံ- ယနေ့ ပစ်ခတ်မှုဖြစ်ပြီးနောက် သမိုင်းလမ်းဆုံ ရဲကင်းကို အခြေအနေမြင်တွေ့ရစဉ်။
Photo- Khit Thit