By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မေ ၁၇ ရက် ညနေပိုင်း ရရှိထားတဲ့သတင်းတွေကတော့
-ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့၊ သမိုင်းလမ်းဆုံမှာ စစ်ကောင်စီတပ်က အသစ်ဆောက် လုပ်ထားတဲ့ လုံခြုံရေး ဘန်ကာထဲကို ဗုံးပစ်သွင်းပြီး ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တဲ့အတွက် ရဲ ၂ ဦးထက်မနည်း ဒဏ်ရာရရှိသွားပြီး၊ သေဆုံးမှုရှိနိုင်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
– စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီရဲ့ နှစ်ထပ်သင်္ဘော ၃ စင်း ရှော့ခ် တိုက်ဒုံးနဲ့ အပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်က ဧရာ၀တီမြစ်ကမ်းဘေးက ကျေးရွာတွေကို မီးရှို့ ဖျက်ဆီးနေတယ်လို့ ဒေသခံတွေနဲ့ ကန့်ဘလူ PDF တွေဆီကနေသိရပါတယ်။
– စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်၊ သိမ်တော်ကျေးရွာ နဲ့ အင်းပတ်ကျေးရွာတို့မှာ စစ်တပ်က အကြောင်းမဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နှစ်ရွာပေါင်း ပြည်သူပိုင်နေအိမ် ၂၃ လုံး ပြာကျပြီး ၊ ပြည်သူ ၂ ဦးကိုလည်း စစ်တပ်က မီးရှို့သတ်ဖြတ်သွားတဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။