26 C
Yangon

ပခုက္ကူ ရဲစခန်းမှ နယ်ထိန်းရဲ မျိုးကိုကိုချစ်၏ မိခင်နှင့်အစ်ကိုဖြစ်သူတို့ ပစ်ခတ်ခံရပြီး သေဆုံး၊ ရန်ကုန်အလုံတွင် ၃ နှစ်ကလေးနှင့်မိခင်ကို စစ်တပ်က ဖမ်းရာတွင် သတင်းပေးသူ ဆင်းမင်းရပ်ကွက်အုပ်ချုပ်ရေးမှူး လှမိုးနှင့်တွံ့တေးတွင် ပျူစောထီး ပြည်သူ့စစ် ဝင်းဆန်းတို့ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ မေ ၁၇

မကွေးတိုင်း ပခုက္ကူမြို့မ ရဲစခန်းမှ နယ်ထိန်း မျိုးကိုကိုချစ် နေအိမ်ကို ယနေ့ မေလ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် မြို့ပြ ပျောက်ကြား တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ်ခဲ့ပြီး မိသားစုဝင် ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ နယ်ထိန်း မျိုးကိုကိုချစ်သည် နေအိမ်၌ ရှိမနေသောကြောင့် လွတ်မြောက်ခဲ့ပြီး ၎င်း၏ အမေဖြစ်သူနှင့် အကိုဖြစ်သူတို့ သေဆုံးခဲ့ကာ PKU Ranger တပ်ဖွဲ့နှင့် မဟာမိတ် ညီနောင်များက ဝင်ရောက် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပခုက္ကူမြို့ပြ ပြောက်ကျားတပ်ဖွဲ့ (PUGF)သည် အကြမ်းဖက် စစ်တပ်၊ ရဲများနှင့် ပျူစောထီးများ၏ အချက်အလက်များကို သိရှိထားပြီး အပြစ်မဲ့ မိသားစုဝင်များကို ဖမ်းဆီးညှင်းဆဲခြင်း ဥပဒေမဲ့ သတ်ဖြတ်ခြင်း လူမှူပတ်ဝန်းကျင်တွင် ခေါင်းမထောင်ရဲအောင် ဖိနှိပ်စော်ကားခြင်း ၊ ငါတို့အိုးအိမ်များကို မီးရှို့ဖျက်ဆီးခြင်း ၊ ချိတ်ပိတ်သိမ်းဆည်းခြင်းများ ပြုလုပ်အနိုင်ကျင့်နေသော သင်တို့၏ လုပ်ရပ်များအား အတုံ့အလှည့်ခံစားနာကျင်ရမည့် အချိန်အခါရောက်ပြီဟု ငါတို့သတ်မှတ်ကြေညာကြောင်း PUGF ထုတ်ပြန်ထားသည်။

အလားတူ မေလ ၁၆ ရက်နေ့ ညနေ ၅ နာရီဝန်းကျင် ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်၊ ကွမ်းခြံရပ်ကွက်၊ ရိပ်သာလမ်းသွယ်နေ ပြည်သူ့စစ်အဖွဲ့ဝင် ဝင်းဆန်းကို မြို့ပြပြောက်ကျားအဖွဲ့က ပစ်ခတ်ခဲ့ရာ သေဆုံးသွားကြောင်း သိရှိရသည်။

ထို့ပြင် မေလ ၁၇ ရက်နေ့ ညနေ ၄ နာရီအချိန် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်၊ ဆင်မင်းစျေးအနောက်ဖက်၊ သိပ္ပံလမ်းတွင် စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးလှမိုး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ၊
ဆင်မင်းရပ်ကွက်အုပ်ချုပ်ရေးမှူးလှမိုးသည် နေအိမ်မှရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ဆိုင်ကယ်ဖြင့်သွားရောက်စဉ် လမ်းလျှောက်လာသည့် လူငယ်နှစ်ဦးက သေနတ်ဖြင့် ၅ ချက်ပစ်ခတ်ရာ လှမိုး၏ ဝဲရင်အုံ၊ ဝမ်းဗိုက်၊ ဝဲလက်မောင်းထိမှန်ဒဏ်ရာများဖြင့် ပစ်ခတ်ခံရသည့်နေရာတွင်ပင် သေဆုံးသွားကြောင်း သိရှိရသည်။

လှမိုးသည် ဧပြီလအတွင်း PDF ထောက်ပံ့သည်ဆိုသော စွပ်စွဲချက်ဖြင့် မိခင်ဖြစ်သူကို သေနတ်ဖြင့်ပစ်ခတ်ပြီး အသက် ၃ နှစ်အရွယ် မောင်သန့်ဘုန်းဝေယံကို စစ်တပ်က အကြမ်းဖက် ဖမ်းဆီးမှုတွင် ဦးဆောင်ပါဝင်ခဲ့သူဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article