ဂျပန်နိုင်ငံ တိုကျိုမြို့တွင် မြန်မာ့အရေးကို ဝင်ရောက်စွက်ဖက်ကာ စစ်ကောင်စီကို ထောက်ခံကူညီနေသော တရုတ်ကွန်မြူနစ်အစိုးရကို ကန့်ကွက်ဆန္ဒဖော်ထုတ်ပွဲပြုလုပ်
ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ လူစည်ကားရာနေရာလမ်းများတွင် မြန်မာ့အရေးကို ဝင်ရောက်စွက်ဖက်ကာ မြန်မာပြည်သူများ၏ဆန္ဒသဘောထားနှင့် ဆန့်ကျင်၍ အကြမ်းဖက်စစ်ကောင်စီကို ထောက်ခံကူညီပံ့ပိုးပေးနေသော တရုတ်ကွန်မြူနစ်အစိုးရအား ကန့်ကွက်ဆန္ဒဖော်ထုတ်ပွဲကို ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ လမ်းလျှောက်ကန်ကွက်ဆန္ဒထုတ်ဖော်ခြင်းကို ဂျပန်ရောက်မြန်မာနိုင်ငံသားများ၊ မြန်မာ့ဒီမိုကရေစီအရေး တက်ကြွသူများကပူးပေါင်းပါဝင်ခဲ့ကြကြောင်း သိရှိရသည်။