25 C
Yangon

အုတ်တွင်းတွင် စစ်တပ် တပ်စွဲထားသော မြို့မရဲစခန်း၊ ထွေ/အုပ်ရုံးနှင့် ကန်ကလေးရွာ တို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး

Must read

အုတ်တွင်းတွင် စစ်တပ် တပ်စွဲထားသော မြို့မရဲစခန်း၊ ထွေ/အုပ်ရုံးနှင့် ကန်ကလေးရွာ တို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၃

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော မြို့မရဲစခန်း၊ ထွေ/အုပ်ရုံးနှင့် ကန်ကလေးရွာ တို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသ အမှတ် ၂ စစ် ဒေသခွဲက ပြောဆိုသည်။

ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက် ၁၁ နာရီ ၂၄ မိနစ်ခန့်တွင် အုတ်တွင်းမြို့နယ်၊ ကန်ကလေးကျေးရွာအနီး၌ အခြေချ တပ်စွဲထားသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ၅ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ၊ PDF အမှတ် ၃၅၀၂ တပ်ရင်း – Delta one Drone Force ၊ စစ်တောင်းစစ်ကြောင်းနှင့် အုတ်တွင်း (ပကဖ) ဒရုန်းတပ်ဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

အလားတူ ဒီဇင်ဘာလ ၆ ရက်နေ့ကလည်း အုတ်တွင်းမြို့မရဲစခန်း နှင့် ထွေ/အုပ်ရုံးတို့၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များကို အမှတ် ၃၅၀၂ တပ်ရင်း – Delta one Drone Force နှင့် အုတ်တွင်း (ပကဖ) ဒရုန်းတပ်ဖွဲ့တို့က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား တချို့ ထိခိုက်‌ သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article