18 C
Yangon

ရေစကြိုတွင် စစ်တပ် ရိက္ခာပို့ စစ်ကြောင်းနှင့် ဆားတောင်ရှိ စစ်တပ် အထိုင်စခန်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံး

Must read

ရေစကြိုတွင် စစ်တပ် ရိက္ခာပို့ စစ်ကြောင်းနှင့် ဆားတောင်ရှိ စစ်တပ် အထိုင်စခန်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၃

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ရိက္ခာပို့ စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း YOUNG WOLF LOCAL PDF အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာထံသို့ပြောဆိုသည်။

ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ရေစကြိုမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို လက်နက်အင်အားနှင့် စားနပ်ရိက္ခာ လာပို့သည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိပြီး စစ်သား အလောင်းများနှင့် ဒဏ်ရာရရှိသူများကို စစ်ကောင်စီ တပ်သားများက ပြန်လည် သယ်ဆောင်သွားကြောင်း၊ တော်လှန်ရေး ရဲဘော်များဘက်မှာလည်း အထိခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို YOUNG WOLF P.D.Fအဖွဲ့၊ မန္တလေးခရိုင် တပ်ရင်း ၆ ၊ ဆားတောင်မိုးကြိုး၊ ဆားတောင်မြို့ပြပြောက်ကျား SD အဖွဲ့များနှင့် နယ်မြေ ပူးပေါင်း မဟာမိတ်များက လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အလားတူ ဒီဇင်ဘာလ ၁၄ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ် အထိုင်ချစခန်းများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၁၂ လုံး ကျဲချ တိုက်ခဲ့ကြောင်းသိရသည်။

ထိုတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို YUONG WOLF P.D.F အဖွဲ့နှင့် ဆားတောင်မြို့ပြပြောက်ကျား SD အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article