27 C
Yangon

အမေရိကန်အထက်လွှတ်တော်အမတ်ခေါင်းဆောင် မစ်ချ်မက်ကော်နယ်နှင့် NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ အမေရိကန်လွှတ်တော်ရုံးတွင် တွေ့ဆုံ

Must read

ရန်ကုန်၊ မေ ၁၈

အမေရိကန်အထက်လွှတ်တော်အမတ်ခေါင်းဆောင် မစ်ချ်မက်ကော်နယ် နှင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ မေလ ၁၇ ရက်နေ့ (မြန်မာစံတော်ချိန် မေလ ၁၈ ရက်နေ့)တွင် အမေရိကန် လွှတ်တော်ရုံးတွင် တွေ့ဆုံကြကြောင်း မစ်ချ်မက်ကော်နယ်က သူ၏ လူမှုကွန်ရက်မှတစ်ဆင့် သတင်းထုတ်ပြန်သည်။

နှစ်ဖက်တွေ့ဆုံမှုတွင် ဖိနှိပ်ညှဉ်းပန်းမှုများလုပ်ဆောင်နေသော အကြမ်းဖက်စစ်ကောင်စီကို တွန်းလှန်နေသော မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုကို ဆက်လက် ထောက်ခံပံ့ပိုးရေး၊ အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံ တကာ မြန်မာ့အရေး ဆက်လက် ကူညီမှု ပေးရန်တို့ကို ဆွေးနွေးကြောင်း သိရှိရသည်။

အမေရိကန် အမျိုးသားကာကွယ်ရေး ဥပဒေ(NDAA)တွင် မြန်မာစစ်ကောင်စီကို အသိအမှတ် မပြုရန်နှင့် NUG ကို အကူအညီပေးရေးနှင့် အသိအမှတ်ပြုရေး အပါအဝင် မြန်မာ့အရေး ပြဋ္ဌာန်းချက်များပါဝင်လာစေရန် မက်ကော်နယ်က ဦးဆောင်ကြိုးပမ်းခဲ့ခြင်းဖြစ်ပြီး အမေရိကန်လွှတ်တော်တွင် မြန်မာ့အရေး ဆိုင်ရာ ဥပဒေများ ပြဋ္ဌာန်းရေး ကို မစ်ချ်မက်ကော်နယ်က ဦးဆောင်ကြိုးပမ်းလျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article