27 C
Yangon

အကြမ်းဖက်စစ်ကောင်စီကို တိုက်ခိုက်ဖြုတ်ချရေး လက်နက်အကူအညီပေးကြရန် NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က နိုင်ငံတကာနှင့်အနောက်နိုင်ငံကြီးများကို အကူအညီတောင်း

Must read

ရန်ကုန်၊ မေလ ၁၈

စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်ကောင်စီကို တိုက်ခိုက်ဖြုတ်ချရေး လက်နက်အကူအညီပေးကြရန် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က နိုင်ငံတကာနှင့်အနောက်နိုင်ငံကြီးများကို အကူအညီတောင်းခံလိုက်ကြောင်း ရိုက်တာသတင်းဌာနက သတင်းဖော်ပြသည်။

နိုင်ငံတကာအနေဖြင့် ရုရှား၏ ကျူကျော်စစ်ကို ခုခံတိုက်ခိုက်နေသော ယူကရိန်းကို လက်နက်နှင့်စစ်ရေးအကူအညီများ ပေးသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း အကြမ်းဖက်စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်နေသော ပြည်သူ့ကာကွယ်ရေးတပ်များကို လက်နက်အကူအညီပေးရန် တောင်းဆိုလိုက်ခြင်းဖြစ်သည်ဟု သိရှိရသည်။

ယူကရိန်းပြည်သူများနှင့် ဒီမိုကရေစီရေးလိုလားသည့် မြန်မာပြည်သူများက လွတ်လပ်ရေးအတွက် အသက်ပေး တိုက်ပွဲဝင်နေကြကြောင်း၊ နိုင်ငံတကာက မြန်မာ့အရေး စုစည်းထောက်ခံမှုများအပြင် လက်နက်များ ကူညီရန်လည်း လိုအပ်ကြောင်း အမျိုးသားစည်းလုံးညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောဆိုသည်

“နိုင်ငံတကာက ကျနော်တို့ရဲ့ ဒီမိုကရေစီအရေး လှုပ်ရှားမှုအပေါ် စိတ်ပိုင်းဆိုင် ရာ ထောက်ခံမှုတွေအတွက် အများကြီး ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကျနော်တို့အတွက် လက်နက်နဲ့ ရန်ပုံငွေ ရမယ်ဆိုရမယ်ဆိုရင် ကျနော်တို့ ပိုပြီး ချီးကျူးဂုဏ်ပြုကျေးဇူးတင်မှာပါ။ အဲဒီလို အထောက်အပံတွေရမှ တော် လှန်ရေး ကို မြန်မြန်အဆုံးသတ်ပြီး ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးမှုတွေကို လျော့နည်းသက်သာစေမှာဖြစ်ပါတယ် ” ဟု ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောဆိုသည်။

လက်ရှိတွင် NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်သည် အမေရိကန်ပြည်ထောင်စုတွင် ရောက်ရှိနေပြီး အမေရိကန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး၊ မလေးရှားနိုင်ငံခြားရေးဝန်ကြီး၊ အမေရိကန်အထက်လွှတ်တော်အမတ်ခေါင်းဆောင်မစ်ချ်မက်ကော်နယ်တို့နှင့် ဆက်တိုက်တွေ့ဆုံမှုများ လုပ်ဆောင်လျက်ရှိသည်။

ဓာတ်ပုံ- ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article