25 C
Yangon

အရှေ့မြောက်တိုင်းနဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တွေ ဆုံးရှုံးသွားတဲ့ စစ်ကောင်စီအနေနဲ့ နောက်ထပ် တိုင်းစစ်ဌာနချုပ်တွေ ထပ်မံ ကျဆုံးတော့မယ်လို့ NUG ယာယီသမ္မတ ပြော

Must read

အရှေ့မြောက်တိုင်းနဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တွေ ဆုံးရှုံးသွားတဲ့ စစ်ကောင်စီအနေနဲ့ နောက်ထပ် တိုင်းစစ်ဌာနချုပ်တွေ ထပ်မံ ကျဆုံးတော့မယ်လို့ NUG ယာယီသမ္မတ ပြော

ရန်ကုန်၊ ဒီဇင်ဘာ ၂၄

အကြမ်းဖက်စစ်ကောင်စီအနေနဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဆုံးရှုံးပြီးတဲ့နောက်မှာ နောက်ထပ် တိုင်းစစ်ဌာနချုပ်တွေ ကျဆုံးတော့မယ့် အခြေအနေ ရောက်ရှိနေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ယာယီသမ္မတက ပြောဆိုလိုက်ပါတယ်။

ဒီကနေ့ ပြည်သူလူထုထံသို့ ပေးပို့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလရဲ့ ခရစ္စမတ်ဆုတောင်းစကားမှာ အဲဒီလို ပြောဆိုလိုက်တာဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီအနေနဲ့ မြန်မာနိုင်ငံတစ်ဝန်း မြို့ပေါင်း ၉၀ ထက်မနည်းကို ဆုံးရှုံးခဲ့ပြီး အဲဒီမြို့တွေက စစ်ကောင်စီလက်ကနေ လွတ်မြောက်ခဲ့ပြီဖြစ်ကြောင်း၊ မကြာခင်မှာလည်း နောက်ထပ် တိုင်းစစ်ဌာနတွေ ကျဆုံးမယ့် အခြေအနေ ရောက်ရှိနေပြီဖြစ်တယ်လို့ ယာယီသမ္မတက ဆိုပါတယ်။

“ဒီတကြိမ်မှာ စစ်အာဏာရှင်စနစ် အပြီးသတ် ချုပ်ငြိမ်းရမယ်ဆိုတဲ့ တော်လှန်ရေးယုံကြည်ချက်နဲ့ အင်အားစုစုအသီးရဲ့ လက်တွဲ တိုက်ပွဲဝင်မှုတွေကြောင့် သမိုင်းတလျှောက် စစ်တပ်အတွက် အကြီးမားဆုံး ဆုံးရှုံးမှုအဖြစ်နဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် နဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကျဆုံးခဲ့ပြီ ဖြစ်ပါတယ်။ မကြာခင်မှာ နောက်ထပ် တိုင်းစစ်ဌာနချုပ်တွေ ကျဆုံးတော့မယ့် အခြေအနေကို ရောက်ရှိနေပါပြီ။ နိုင်ငံတဝန်းက မြို့ပေါင်း (၉၀) ထက်မနည်းဟာ စစ်ကောင်စီလက်အောက်ကနေ လွတ်မြောက်ခဲ့ပြီဖြစ်ပါတယ်” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုပါတယ်။

၂၀၂၄ ခုနှစ်မှာ စစ်ကောင်စီအနေနဲ့ ရှုံးနိမ့်မှုနဲ့ ပြိုလဲမှုတွေ ဖြစ်ပေါ်ခဲ့ကြောင်း၊ စစ်အာဏာရှင် တော်လှန်ရေးက ၄ နှစ်တာနီးပါး ကြာမြင့်လာတဲ့ တော်လှန်ရေးခရီးတလျှောက်လုံးမှာ ပြည်သူလူထုကြီးက ကြံ့ကြံ့ခံ အားထုတ် ကြိုးပမ်းမှုတွေကို အားတက်ဖွယ်ရာ မြင်တွေ့ရတယ်လို့ သူက ဆက်ပြောပါတယ်။

၂၀၂၄ ခုနှစ် ဩဂုတ်လမှာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)၊ ဒီဇင်ဘာလမှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို စစ်ကောင်စီက ဆုံးရှုံးခဲ့တာဖြစ်ပါတယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article