27 C
Yangon

Khit Thit သတင်းဌာန၏ မေ ၁၈ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မေ ၁၈ ရက် နေ့လယ်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့
-အမေရိကန် အထက်လွှတ်တော်အမတ်ခေါင်းဆောင် မစ်ချ်-မက်ကော်နယ် နဲ့ အမျိုးသားညီညွတ်ရေး အစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ဟာ မေလ ၁၇ ရက်နေ့ (မြန်မာစံတော်ချိန် မေလ ၁၈ ရက်နေ့) ဒီကနေ့မှာ အမေရိကန် လွှတ်တော်ရုံးအတွင်း တွေ့ဆုံကြတဲ့အကြောင်း မစ်ချ်-မက်ကော်နယ် က သူရဲ့ လူမှုကွန်ရက်ကနေ တစ်ဆင့် သတင်းထုတ်ပြန်ထားပါတယ်။
-စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ အင်ဒေါင်း နဲ့ ပေးကုန်းကျေးရွာကြား ချောင်းကူး တံတားပေါ်မှာ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ကို ဒီကနေ့ မေလ ၁၈ ရက်နေ့ မနက်ပိုင်းမှာ မိုင်းခွဲတိုက်ခိုက်လိုက်ပြီး ၊ စစ်ကောင်စီဘက်က ၈ ဦးကနေ ၁၀ ဦးကြား သေဆုံးနိုင်ပြီး အများအပြား ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။
-စစ်ကိုင်းတိုင်း၊ ရွှေဘို-မြစ်ကြီးနား-ကောလင်း လမ်းပိုင်းမှာ အရပ်ဝတ်နဲ့ အယောင်ဆောင် သွားလာနေတဲ့ စစ်ကောင်စီတပ်က အရာရှိ ဗိုလ်ကြီး ၂ ဦးကို ပြည်သူ့ကာကွယ်ရေး လက်နက်ကိုင် တပ်ဖွဲ့တစ်ခုကနေ ဖမ်းဆီးရမိထားတဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article