27 C
Yangon

သေ့ဘောဘိုးစစ်စခန်းကို KNLA ပူးပေါင်းတပ်များ တိုက်ခိုက်ရာ စစ်ကောင်စီတပ် အထိနာ၍ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်၊ သေ့ဘောဘိုးစခန်း ကို ပူးပေါင်း တပ်ဖွဲ့ရရှိသိမ်းပိုက်နိုင်ပြီဟု သတင်းထွက်ပေါ်

Must read

ရန်ကုန်၊ မေ ၁၈

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တောင်ဘက် ထိုင်း-မြန်မာနယ်စပ်အနီးရှိ သေ့ဘောဘိုးကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကော်ဘရာစစ်ကြောင်း (KNLA ပူးပေါင်းတပ်ဖွဲ့) ကြား ယမန်နေ့ မေလ ၁၇ ရက် ညမှစ၍ တိုက်ပွဲများပြင်းထန်နေပြီး ယနေ့နေ့လယ်တွင် စစ်ကောင်စီက တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း သတင်းရရှိသည်။

“တိုက်လေယာဉ်နဲ့ လာပစ်တာကတော့ နေ့လယ် ၁၂ နာရီ ၁၅ မိနစ်ပဲ၊ အထိ အခိုက်တော့ မသိရသေးဘူး၊ တိုက်ပွဲက မနေ့ညကတည်းက ဖြစ်နေတာ၊ ကော်ဘရာစစ်ကြောင်းက သေ့ဘောဘိုးရွာနားက စစ်ကောင်စီ စခန်းကုန်းကို သိမ်းလိုက်တယ်လို့တော့ ကြားတယ်” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ် သစ်သတင်းဌာနသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်လေယာဉ် ၂ စီး၊ တိုက်ခိုက်ရေးရဟတ် ယာဉ် ၂ စီး၊ CH 3 Drone ၁ စီးဖြင့် ၁၀ နှင့် အထက် ဗုံးကျဲ တိုက်ခိုက်မှုများ လုပ်ဆောင်ကြောင်း၊ တောင်ငူလေတပ်မှလည်း လေယာဉ်တချို့ တက်သွားကြောင်း သိရှိရသည်။

လက်ရှိတွင် သေ့ဘောဘိုး စစ်တပ်စခန်းကို ပူးပေါင်းတပ်များ ရရှိပြီ ဆိုသော သတင်းများ ထွက်ပေါ်လျက်ရှိပြီး အသေးစိတ် ဆက်လက် စုံစမ်းနေဆဲဖြစ် သည်။

လွန်ခဲ့သည့် မတ်လအတွင်း၌ ဝေါ်လေမြို့နယ်ခွဲဘက်သို့ စစ်အင်အားဖြည့်တင်းသော အကြမ်းဖက်စစ်တပ်ကို KNLA ပူးပေါင်းတပ်ဖွဲ့က အကြိမ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၆၀ ဦး ထက်မနည်း‌ သေဆုံးခဲ့သည်။

ယခု တိုက်ပွဲဖြစ်ရာ ဘလယ်ဒို၊ သေ့ဘောဘိုးကျေးရွာများသည် မြဝတီ-လေးကေ့ကော်-ဖလူး-သေ့ဘောဘိုး-ဝေါ်လေမြိုင် ကားလမ်းပေါ်တွင် တည်ရှိသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်၏ တိုက်လေယာဉ်တချို့။ (ပုံအဟောင်းဖြစ်သည်)’

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article