ရန်ကုန်၊ မေ ၁၈
တောင်ကိုရီယားနိုင်ငံတွင် ဂွန်ဂျူ လူ့အခွင့်အရေး ဆုရရှိခဲ့သည့် ဒေါက်တာ စင်သီယာမောင်ကို ယနေ့ မေလ ၁၈ ရက်နေ့တွင် ညနေ ၄ နာရီခန့်တွင် ဘန်ထရီ ဟိုတယ်၌ ဂုဏ်ပြုပွဲ ပြုလုပ်ကြောင်း သိရသည်။
ယင်း အခမ်း အနားကို ဒေါက်တာ စင်သီယာမောင်ကိုယ်တိုင်တက်ရောက်ခဲ့ကာ ဒယ်ဂူး ဘုန်းဘုန်း၊ အရှင်ထာဝရ နော်ဝေ၊ NUG ကိုယ်စားလှယ် ဦရန်နိုင်ထွန်း၊ MFDMC ဒုဥက္ကဌကိုဇော်မိုးအောင်နှင့် ABSDF ဥက္ကဌ ရဲဘော် သံခဲတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဂွန်ဂျူ လူ့အခွင့်အရေး ဆုပေးပွဲ အခမ်းအနားကို ယနေ့ ညနေ ၆နာရီတွင် ဒီမိုကရေစီ ပန်းခြံ၌ ဒီမိုကရေစီ ဖောင်ဒေးရှင်းက ဆုပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။