26 C
Yangon

ကျောက်ထုမြို့တွင် စစ်တပ်က စစ်အင်အားများဖြည့်တင်းပြီး တပ်မိသားစုဝင်အားလုံးကို ရဟတ်ယာဉ်ဖြင့် ပြောင်းရွှေ့နေ

Must read

ကျောက်ထုမြို့တွင် စစ်တပ်က စစ်အင်အားများဖြည့်တင်းပြီး တပ်မိသားစုဝင်အားလုံးကို ရဟတ်ယာဉ်ဖြင့် ပြောင်းရွှေ့နေ

ရန်ကုန်၊ ဒီဇင်ဘာ ၂၉

မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုမြို့အမြောက်တပ်အတွင်းရှိ တပ်မိသားစုဝင်အားလုံးကို ပြောင်းရွှေ့ပြီး အင်အား ၁၀၀ ခန့် ဖြည့်တင်းကာ ခုခံစစ်ပြင်ဆင်လျက်ရှိကြောင်း ယော အလင်း တန်းမှ ကိုမင်းဒဿက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဒီဇင်ဘာ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီ မိနစ် ၄၀ အချိန်က ဆောမြို့နယ်၊ကျောက်ထုမြို့ရှိ လေ ယာဥ် ကွင်းအတွင်းသို့ MIG 29 ဂျက်ဖိုက်တာ ၂ စီးဖြင့် ကင်းပတ်ပစ်ခတ်တိုက်ခိုက်ကာ Mi 17 ထောက်ပို့ ရဟတ်ယာဥ် ၂ စီး ၂ ကြိမ်စီ ဆင်းသက်ခဲ့ကြောင်း၊ ထိုသို့ထောက်ပို့လေယာဉ်များ ဆင်း သက်ပြီး ကျောက်ထုအမြောက်တပ် ၃၆၈ တပ်အတွင်းသို့ စစ်ကောက်စီတပ်သား အင်အား ၁၀၀ ဦးခန့် နှင့် အတူ လက်နက်ခဲယမ်းများဖြည့်တင်းခဲ့ကြောင်း သိရသည်။

“အဓိကတော့ လက်နက်ချအလင်းဝင်မယ့် စစ်သားတွေကို အလင်းမဝင်နိုင်အောင် မိသားစုတွေနဲ့ ထိန်းချုပ်ချင်တဲ့သဘောရှိတယ်။ အလင်းဝင်တာတွေကလည်း ခဏခဏရှိနေတော့။ ကပစ ၂၁ ကနေ ပခုက္ကူတပ်မ ၁၀၁ အထိ ပို့မယ်လို့ ကြားတယ်။ ကျောက်ထုတပ်ကို ဝင်တိုက်မယ်ဆိုတာတော့ သတင်းကတော့ သိပ်မကြားမိဘူး။ အနီးအနားတွေမှာတော့ တပ်ရင်းတပ်ဖွဲ့တွေကရှိတယ်။ ရှိတာက လည်း ကြာပါပြီ။ သူတို့ဘက်ကလည်း ကတုတ်ကျင်းတူးတွေ၊ ဘန်ကာဆောက်တာတွေကတော့ အရင်ကတည်းက လုပ်နေကြပါ၊ ခံစစ်ပြင်တယ်လို့လည်းပြောလို့ရသလို အလင်းဝင်မယ့်စစ်သားတွေ ကို မိသားစုဝင်တွေနဲ့ ထိန်းချုပ်ချင်တဲ့သဘောကြောင့် ပြောင်းရွေ့တာလို့ မြင်ပါတယ်” ဟု ယော အလင်းတန်းမှ ကိုဘကောင်း ကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထို့ပြင် ယင်း Mi 17 ထောက်ပို့ရဟတ်ယာဥ်များဖြင့်ပင် ကျောက်ထုအမြောက်တပ်ထဲရှိ စစ်သား များ၏ မိသားစုဝင်များအားလုံးကို တင်ဆောင်သွားပြီး မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ် ကပစ ၂၁ သို့ ခေါ်ဆောင်သွားကြောင်း၊ ၎င်းမိသားစုဝင်များကို ဆိပ်ဖြူကပစ ၂၁ က တဆင့် ပခုက္ကူမြို့ အခြေစိုက် စစ်ကောင်စီတပ်ရင်းများကို ပြန်လည်ပို့ဆောင်နေရာပြောင်းရွေ့ပေးရန် စီစဥ်ထားကြောင်း သိရ သည်။

ဒီဇင်ဘာလ ၂၇ ရက်နေ့က ကျောက်ထုလေယာဉ်ကွင်းသို့ ဆင်းသက်ခဲ့သည့် Mi 17 ထောက်ပို့ ရဟတ်ယာဥ် ၂ စီးသည် ဆိပ်ဖြူမြို့နယ်၊ ကပစ ၂၁ မှ ပျံတက်လာခြင်းဖြစ်ပြီး တင်ဆောင်လာသော စစ်သားများမှာ လည်း ဆိပ်ဖြူမြို့နယ်၊ ကပစ ၂၁ မှ တပ်သားများဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ၊ စစ်ကိုင်းတိုင်းတွင် အလောင်းမင်းတရား အထူးစစ်ဆင်ရေးအမည်ဖြင့် စစ်ကောင်စီက စစ်ဆင်ရေး လုပ်ဆောင်ခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article