22 C
Yangon

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၃၀ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၃၀ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဒီဇင်ဘာ ၃၀ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-ဧရာဝတီတိုင်း ပုသိမ်မြို့မှာ အတင်းအဓမ္မ စစ်မှုထမ်း တပ်သားသစ် အဖြစ် စုဆောင်းခံထားရတဲ့ သူတွေကို ရဲရဲတက်၊ ရဲရဲတိုက်၊ ရဲရဲချေမှုန်း ရမယ်ဆိုပြီး အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်း က အမိန့်ပေး ညွှန်ကြားသွားသလို ၊ ရှေ့တန်းတိုက်ပွဲတွေမှာ သေသွားရင်တော့ ဘာအကျိုးခံစားခွင့်မှ မရဘူးလို့လည်း သေဆုံးသွားတဲ့ စစ်မှုထမ်းတပ်သားသစ် မိသားစုဝင်တွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်း လမ်းပိုင်းမှာ အာရက္ခတပ်တော် AA သိမ်းပိုက်ထားတဲ့ နပခ တိုင်းစစ်ဌာနချုပ်ဘက် ဦးတည်ထွက်လာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်း ၂ ခုကို တော်လှန်ရေးပူးပေါင်း တပ်တွေက ၃ ရက်ဆက်တိုက် ကြားဖြတ်တိုက်ခိုက်ခြေမှုန်းမှုအတွင်း စစ်ကောင်စီတပ်သား ၁၇ ဦးကို အရှင်ဖမ်းဆီးရမိထားပြီး ၊ လက်နက်ခဲယမ်းတွေပါ ရရှိထားသလို တပ်ပျက်ပြီး ထွက်ပြေးနေတဲ့ စစ်သားတွေကိုလည်း လိုက်လံဖမ်းဆီးနေရတယ်လို့ CDF- Asho တပ်ဖွဲ့ရဲ့ တာဝန်ရှိသူ ဆလိုင်းရိုးချင်းက ပြောပါတယ်။

မကွေးတိုင်း ၊ အောင်လံမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီရဲ့ မြို့နယ် စီမံဥက္ကဋ္ဌ နဲ့ ဗိုလ်မှူး ကောင်းထက်ဇော် ဆိုသူတို့က စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ လူငယ် စာရင်းတွေထပ်ပြီး ကောက်ယူကြဖို့ အမိန့်ပေးထားသလို ၊ စစ်မှုထမ်းဖို့ အလှည့်မကျသေးတဲ့ လူငယ်တွေကိုလည်း ခရီးသွားပြောင်းရွှေ့ခွင့်ပါ ပိတ်ပင်ထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article