23 C
Yangon

လွတ်ငြိမ်းချမ်းသာခွင့်တွင် နိုင်ငံရေး အကျဉ်းသား ၆၀၀ ဦး ပါဝင်မည်ဟု ဇော်မင်းထွန်း ပြောဆိုသော်လည်း လွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသား ၁၅၀ ဝန်းကျင်သာ အတည်ပြုနိုင်သေးဟု PPNM ပြောဆို

Must read

လွတ်ငြိမ်းချမ်းသာခွင့်တွင် နိုင်ငံရေး အကျဉ်းသား ၆၀၀ ဦး ပါဝင်မည်ဟု ဇော်မင်းထွန်း ပြောဆိုသော်လည်း လွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသား ၁၅၀ ဝန်းကျင်သာ အတည်ပြုနိုင်သေးဟု PPNM ပြောဆို

ရန်ကုန်၊ ဇန်နဝါရီ ၄

လွတ်ငြိမ်းချမ်းသာခွင့်တွင် နိုင်ငံရေးအကျဉ်းသား ၆၀၀ ဦး ပါဝင်မည်ဟု ဇော်မင်းထွန်း ပြောဆိုထားသော်လည်း အကျဉ်းထောင် ၁၀ ခုမှ လက်ရှိ စုစည်းထားသော စာရင်းများအရ နိုင်ငံရေးအကျဉ်းသား ၁၅၀ ဝန်းကျင်သာ ပြန်လည်လွတ်မြောက် လာသေးကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဦးဆောင် ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ယနေ့ ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပုဒ်မ ၅၀၅ နှင့် တရားစွဲခံရသည့် နိုင်ငံရေးအကျဉ်းသား ၆၀၀ နှင့် ဖမ်းဆီးခံထားရသည့် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင် တို့ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့သူများတွင် ပါဝင်သည်ဟု ဇော်မင်းထွန်းက ပြောဆိုထားသော်လည်း လက်ရှိချိန်ထိ ပြန်လည် လွတ်မြောက်လာသူများ စာရင်းတွင် နိုင်ငံရေးအကျဉ်းသား ၁၅၀ ဝန်းကျင်သာ ပြန်လည်လွတ်မြောက်လာသေးကြောင်း သိရသည်။

“ကျွန်တော်တို့ကတော့ စစ်ကောင်စီ ပြောသမျှ စကားအားလုံးကိုတော့ မျက်လုံးမှိတ်လက်ခံဖို့ ခဲယဉ်းပါတယ်။ ဘာလို့လည်းဆိုတော့ အာဏာသိမ်းပြီးကတည်းက လိမ်နည်းပေါင်းစုံနဲ့ လိမ်နေတဲ့ အဖွဲ့ဖြစ်တဲ့အတွက်ကြောင့် အာဏာသိမ်းထားတဲ့ စစ်အုပ်စုရဲ့ ပြောစကားအားလုံးကို လက်ခံဖို့ ခဲယဉ်းပါတယ်။ အခုထိ ပြုစုထားတဲ့ စာရင်းတွေအရည အကျဉ်းထောင် ၁၀ ထောင်က နိုင်ငံရေးအကျဉ်းသား ၁၅၀ ဝန်းကျင်လောက်တော့ လွတ်မြောက်လာတာတော့ ကျွန်တော်တို့ ရရှိထားပါတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီဝင် ဇော်မင်းထွန်း၏ ပြောစကားနှင့် ပတ်သက်၍ စောင့်ကြည့်အတည်ပြုနေဆဲဖြစ်ပြီး မှန်ကန်မှု ရှိ မရှိ စိစစ်ပြီး အထောက်အထားနှင့် တကွ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article