23 C
Yangon

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၄ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၄ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇန်နဝါရီ ၄ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

ကရင်ပြည်နယ် ၊ ကြာအင်းဆိပ်ကြီးမြိုနယ်က အနန်းကွင်း စစ်တပ်စခန်းကို စစ်ကူလာတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ တပ်မ ၄၄ စစ်ကြောင်းကို KNLA-PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခြေမှုန်းမှုအတွင်း စစ်ကောင်စီတပ်သား အယောက် ၄၀ ကျော်ကတော့ အသီးသီး သေကုန်ကြပြီး သူတို့ရဲ့ အလောင်းတွေပါ ရရှိထားသလို ၊ နောက်ထပ် စစ်သား အယောက် ၃၀ ကျော်က အလံဖြူထောင် လက်နက်ချခဲ့ကြတယ်လို့ SOF မြေပြင် စစ်ကြောင်းမှူးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

မြန်မာနိုင်ငံတစ်ဝန်း တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးတပ်တွေနဲ့(PDF) တပ်တွေက မြို့နယ်ပေါင်း ၁၄၄ ခုကို စိုးမိုးထိန်းချုပ်ထားပြီး ၊ မြို့ပေါင်း ၉၅ မြို့နဲ့ မြို့နယ် ၄၈ ခုကိုကတော့ အပြီးသတ်သိမ်းပိုက်ထားပြီးဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင် အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

ပဲခူးတိုင်း၊ တောင်ငူမြို့က အကြမ်းဖက် စစ်ကောင်စီရဲ့ ကေတုမတီလေတပ်စခန်းကို တော်လှန်ရေး တပ် တွေက ၁၀၇ မမ ရှော့တိုက်ဒုံး ၁၂ လုံး နဲ့ ပစ်ခတ်တိုက်ခိုက်မှုအတွင်း ရှော့တိုက်ဒုံး ၁၀ လုံးက လေတပ်ထဲကို ကျရောက်ပေါက်ကွဲသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article