27 C
Yangon

မြောင်တွင် ကျေးရွာများကို မီးရှို့နေသော စစ်တပ် အကြိမ်ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခံရပြီး စစ်သားများ ထိခိုက် သေဆုံးမှု များပြား

Must read

ရန်ကုန်၊ မေ ၂၀

စစ်ကိုင်းတိုင်း မြောင်မြို့နယ်အတွင်းရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသည့် အကြမ်းဖက် စစ်တပ်ကို မေလ ၁၈ ရက်နေ့တွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက အကြိမ်ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှု များပြား ခဲ့ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေး အဖွဲ့ CSDOM ထံမှ သိရသည်။

မေလ ၁၈ ရက်နေ့တွင် မြောင်မြို့နယ် ရေလယ်ကျွန်းဒေသရှိ ပန်းညိုရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ် ၆ လုံးကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း၊ ညောင်ကားယား ကျေးရွာကို ထပ်မံ မီးရှို့ ရန် ရောက်ရှိလာစဥ် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ရှေ့ထွက်မိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့သောကြောင့် စစ်သားတချို့ကို ထမ်းပိုးခေါ်ဆောင်သွာရကာ အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က ညောင်းကားယားရွာကို မီးရှို့ ဖျက်ဆီးနေစဥ် ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခံရကြောင်း၊ မကွဲသေးသော မိုင်းများပါ ထပ်မံပေါက်ကွဲခဲ့ကာ စစ်သားများ ထိခိုက်သေဆုံးမှု များပြားခဲ့ပြီး ညနေ ၅နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ညောင်းကားယားရွာကို ထပ်မံ မီးရှို့ခဲ့ကြောင်း၊ ပြည်သူပိုင်နေအိမ် အလုံး ၃၀ ခန့် မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

မေလ ၁၈ ရက်နေ့ ည ၇ နာရီခန့်တွင်လည်း မြင်းမူ-ချောင်းဦး လမ်းပိုင်း ဘိုမင်းကြီးကင်းနှင့် ဂွေးပင်တောရွာကြားတွင် စစ်သားများ လိုက်ပါလာသည့် ၁၂ ဘီးကားကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲခဲ့ရာတွင် စစ်သားများ ထိခိုက် သေဆုံးမှုများရှိသော်လည်း အတည်မပြုနိုင်သေးကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရှိရသည်။

မေလ ၁၉ ရက်နေ့တွင်လည်း စစ်တပ်က ရွာပုလဲကျေးရွာကို ဝင်ရောက် စီးနင်းကာ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ တပ်ဖွဲ့များကို CDSOM ၊ Myinmu Civil Revoluation Force – CRF (Myinmu)၊ ဗိုလ်တောက်ထွန်း အဖွဲ့၊ Myaung Fighter Defense Force၊ Myaung Farmer Defense Force၊ နှလုံးလှ လူမိုက်ကြီးများ အဖွဲ့ (မြင်းခြံ)၊ People defense Force- Taloke (မြင်းခြံခရိုင် တပ်ရင်း ၂)၊ Men Ranger (မြင်းခြံခရိုင် တပ်ရင်း ၂)၊ Black Eagle Defense force၊ ကန္တာရသိန်းငှက်၊ တူမီးဖိုက်တာ၊ Chaung U Revolution Army တို့ကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အမျိုးသမီး စစ်သည်တော် တပ်ရင်း မြောင်- M2W က ထုတ်လုပ်မိုင်းများဖြင့် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ဒေသကာကွယ်ရေးတပ်၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article