27 C
Yangon

ကရင်ပြည်နယ် တပ်မ ၂၂ မှ စစ်သားများ ရခိုင်သို့ ပို့ဆောင်ထား၍ ဘားအံမြို့လုံခြုံရေးအတွက် တိုက်ခိုက်ရေး မဟုတ်သည့် ဆေးတပ်၊ ထောက်ပို့တပ်နှင့်ဆက်သွယ်ရေးတပ်များ၊ အရပ်ဘက်ဝန်ထမ်းများ ပူးတွဲ လုံခြုံရေးယူ

Must read

ရန်ကုန်၊ မေ ၂၀

ကရင်ပြည်နယ် မြို့တော် ဘားအံတွင် အခြေစိုက်ထားသော တပ်မ ၂၂ မှ စစ် သား အများစုကို ရခိုင်ပြည်နယ်သို့ ပို့ဆောင်ထားသဖြင့် လက်ရှိတွင် လူမရှိဘဲ ဖြစ်နေသည့်အတွက် တိုက်ခိုက်ရေးမဟုတ်သည့် လက်ရုံးတပ်များနှင့်အတူ အရပ်သားဝန်ထမ်းများကို ဘားအံမြို့ လုံခြုံရေးအတွက် ပူးတွဲ အသုံးပြုနေရကြောင်း စစ်တပ် သတင်းရပ်ကွက်ထံမှ သိရှိရသည်။

“တပ်မ ၂၂ စစ်သားတွေ ရခိုင်ဘက်ကို အလုံးအရင်းပို့ထားလို့ ဘားအံမှာ စစ် သားအင်အားနည်းနေတယ်။ ဘဏ်နဲ့ဌာနဆိုင်ရာအရေးကြီးနေရာတွေ အဆောက် အအုံတွေရဲ့ လုံခြုံရေးကို ဆေးတပ်၊ထောက်ပို့တပ်၊ဆက်သွယ်ရေးတပ် တွေ ယူနေရတယ်။ ဆေးတပ်ရဲဘော်နှင့်တပ်ထိန်းတပ်ရဲဘော်တွေပါ စစ်ကြောင်းနဲ့ ရှေ့တန်းလိုက်နေရတယ်” ဟု ကရင်ပြည်နယ်စစ်တပ်သတင်းရင်းမြစ်က ပြောသည်။

ထို့ပြင် ဘားအံမြို့လုံခြုံရေးအတွက် အရပ်ဘက်ဝန်ထမ်းများ၊ မြို့ပေါ်မှ လူငယ်များကို အသုံးပြုနေရကြောင်း၊ ဘားအံမြို့ပေါ် စစ်ကောင်စီရုံးနှင့် အိမ်ရာများတွင် စစ်သားနှင့်ရဲမလုံလောက်၍ လုံခြုံရေးအတွက် ထွေ/အုပ်၊ စည်ပင်၊ လျှပ်စစ် နှင့် အခြားဌာနဆိုင်ရာ ဝန်ထမ်းများကိုပါ အသုံးပြုနေရသည်ဟု သိရှိရသည်။

“နေရာအနှံ့လုံခြုံရေးယူ စစ်ဆေးရေးလုပ်ဖို့အတွက် လူငယ်တွေကိုပါအသုံးပြုနေရတယ်။ မြို့ပေါ် ဝန်ကြီးများရုံးနဲ့အိမ်ရာကိုတော့ ပတ်ချာလည်ပိတ်ထားတယ်။ မိန်း ၂ ပေါက်ကိုဖွင့်ထားတယ်။ ရဲအပါဝင် ထွေအုပ်၊စည်ပင်၊လျှပ်စစ်နှင့်အခြားအရပ်ဖက် ဝထ များပါအလှည့်ကျလုံခြုံရေးယူနေရတယ်။ ဝင်/ထွက် ကဒ်မပါရင် သူ့ဝန်ထမ်းတောင်သူ ဝင်ခွင့်မပေးဘူး ” ဟု တပ်သတင်းရင်းမြစ်ကဆိုသည်။

ယခုရက်ပိုင်း ကရင်ပြည်နယ် စစ်ကောင်စီ၏ လုံခြုံရေးဆိုင်ရာ အစည်းအဝေးများတွင် စစ်ကောင်စီခန့် ကရင်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက လေးကေ့ကော်တွင် PDF အင်အား ၄၀၀ ဦးရှိနေ၍ ဝန်ထမ်းများ၊ တပ်နှင့်ရဲများ အသွား အလာ ဆင်ခြင်နေထိုင်ကြရန်နှင့် ယခုရက်ပိုင်းအတွင်း စစ်တပ်က လုပ်ဆောင်မည့်အထူးစစ်ဆင်ရေးများ ပြုလုပ်ရန်ရှိနေသဖြင့် ယခုထက်ပို၍ လုံခြုံရေး သတိ ထားကြရန် ညွှန်ကြားမှုများရှိနေကြောင်း သိရှိရသည်။

ဓာတ်ပုံ- ဘားအံအခြေစိုက် တပ်မ ၂၂ ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article