22.7 C
Yangon

အနောက်မြောက်တိုင်းစစ်ဌာနချုပ်တွင် တာဝန်ကျနေသည့် စစ်မှုထမ်းအပတ်စဉ် ၅ မှ တပ်သား ၄ ဦး လက်နက်အပြည့်အစုံဖြင့် အလင်းဝင်မှု တစ်ဦးလျှင် ငွေကျပ် သိန်း ၃၀ စီချီးမြှင့်

Must read

အနောက်မြောက်တိုင်းစစ်ဌာနချုပ်တွင် တာဝန်ကျနေသည့် စစ်မှုထမ်းအပတ်စဉ် ၅ မှ တပ်သား ၄ ဦး လက်နက်အပြည့်အစုံဖြင့် အလင်းဝင်မှု တစ်ဦးလျှင် ငွေကျပ် သိန်း ၃၀ စီချီးမြှင့်

ရန်ကုန်၊ ဇန်နဝါရီ ၁၉

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်တွင် တာဝန်ကျနေသည့် စစ်မှုထမ်းအပတ်စဉ် ၅ မှ တပ်သား ၄ ဦးသည် လက်နက်အပြည့်အစုံဖြင့် အလင်းဝင်လာသဖြင့် တစ်ဦးလျှင် ငွေကျပ် သိန်း ၃၀ စီချီးမြှင့်လိုက်ကြောင်း Union Liberation Front(ULF စစ်ကြောင်း)မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက် ၅ နာရီအချိန် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အနောက်မြောက်တိုင်း စစ်ဌာနာချုပ်(န.မ.ခ) တွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် စစ်မှုထမ်းအပတ်စဉ် ၅ မှ စစ်ကောင်စီတပ်သား ၄ ဦးသည် လက်နက်ခဲယမ်းအပြည့်အစုံဖြင့် ထွက်ပြေးလာပြီး ၊ ULF စစ်ကြောင်း တပ်ဖွဲ့ဝင်များနှင့်တွေ့ဆုံကာ အလင်းဝင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

“ရှမ်းပြည်ဘက် အလုပ်လုပ်ဖို့ သွားရင်း လမ်းမှာ ဖမ်းခံရတာပါ။ ရန်ကုန်ဘက်ကနေ မုံရွာ န.မ.ခ ကို ရောက်လာတာဖြစ်ပါတယ်။ တပ်ထဲမှာ မနေချင်တာနဲ့ ဖြစ်ချင်ရာဖြစ်ဆိုပြီး ထွက်လာကြတာ ဖြစ်တယ်” ဟု အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားတစ်ဦးက ပြောဆိုသည်။

အလင်းဝင်လာသည့် တပ်သား ၄ ဦးသည် တပ်မ ၇၇ လက်အောက်ခံ အမှတ် ၁၀၅ တပ်ရင်းမှ စစ်မှုထမ်းအပတ်စဉ် ၅ သင်တန်းဆင်းများ ဖြစ်ကြပြီး န.မ.ခ တွင် တာဝန်ဖြင့် ရောက်ရှိနေစဉ် ULF နှင့် မဟာမိတ်တပ်ပေါင်းစုထံသို့ အလင်းဝင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

“အဖွဲ့အစည်းကို ဘယ်လိုအကြောင်းကြားရမှန်း မသိတော့ လက်နက်တွေ ဖွက်ပြီး အရပ်သားပုံစံနဲ့ လာကြတယ်။ ပြီးမှ ရဲဘော်တွေနဲ့ တွေ့ပြီး သိမ်းခဲ့တဲ့ လက်နက်တွေ ပြန်ရှာရတယ်။ ဘာပဲ ဖြစ်ဖြစ် အလင်းဝင်လာသူတွေကို ULF စစ်ကြောင်းမှ နွေးထွေးစွာကြိုဆိုပါတယ်” ဟု Union Liberation Front(ULF စစ်ကြောင်း)က ပြောသည်။

အလင်းဝင်လာသူ တပ်သား ၄ ဦးမှာ ကိုကျော်မျိုးထွန်း ၊ ကိုကျော်ကျော်ဖြိုး ၊ ကိုရဲရင့်ပိုင် နှင့် ကိုအေးမင်းထွန်း တို့ဖြစ်ကြပြီး ၊ ရန်ကုန်မြို့ နှင့် ဟင်္သာတမြို့များမှ စစ်ကောင်စီတပ်၏ စစ်မှုထမ်းဥပဒေဖြင့် အဓမ္မစစ်သား စုဆောင်းခြင်း ခံရသူများ ဖြစ်ကြောင်း သိရှိရသည်။

အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား ၄ ဦးကို Union Liberation Front(ULF စစ်ကြောင်း) က တစ်ဦးလျှင် ငွေသား ကျပ်သိန်း ၃၀ ဆုချီးမြှင့်ခဲ့ပြီး အလင်းဝင်လာသူများကို ကောင်းမွန်စွာ ကျွေးမွေးထားကာ လွပ်လပ်စွာနေထိုင်ခွင့်ပေးပြီး နောက်ပိုင်း မိသားစု၊ဆွေးမျိုးများနှင့် တွေ့ဆုံရန် လုပ်ဆောင်ပေးသွားဖြစ်ကြောင်း သိရှိရသည်။

“အခြေနေတည်ငြိမ်တဲ့အထိ ကောင်းမွန်စွာ ထားပါ့မယ်။ နောက်ပိုင်းမှာ မိသားစုတွေနဲ့တွေ့ဖို့ထိစီစဥ်ထားတယ်” ဟု Union Liberation Front – ULF စစ်ကြောင်းမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ရှင်းလင်းပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article