ဆိပ်ဖြူအခြေအစိုက် ကပစ ၂၁ ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု အရာရှိ ၂ ဦး အပါအဝင် စစ် သား ၉ ဦး သေဆုံးပြီး လေယာဉ် ဗုံးသီးကုန်ကြမ်း သိုလှောင် ဂိုဒေါင် မီးလောင်ပျက်စီး
ရန်ကုန်၊ ဇန်ဝါရီ ၁၉
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ကပစ ၂၁ ကို ၁၀၇ မမ ရှော့ တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရာရှိ ၂ ဦး အပါအဝင် စစ်သား ၉ ဦး သေဆုံးကာ လေယာဉ် ဗုံးသီးကုန်ကြမ်းသိုလှောင်ဂိုဒေါင်မီးလောင်ပျက်စီးပျက်စီးခဲ့ကြောင်း Young Revolution Front တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဇန်နဝါရီလ ၁၈ ရက် ညနေ ၄ နာရီ မိနစ် ၂၀ အချိန်က ဆိတ်ဖြူမြို့နယ် ကာကွယ်ရေး ပစ္စည်း စက်ရုံ (ကပစ) အမှတ် ၂၁ အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၈ လုံး ဖြင့်တိုက်ခိုက်ခဲ့ရာ ၇ လုံး ကို အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့ပြီး လေယာဥ်ဗုံးသီး ကွင်တိန်နာ ဗုံး အအေးခန်း ထိန်းချုပ်ဂိုဒေါင် ၃ ပြို ကျ ပျက်စီးကာ ကုန်ကြမ်းဂိုဒေါင်မီးလောင်ခဲ့ကြောင်း ယင်း ဂိုဒေါင် များအတွင်းရှိ အကြမ်းဖက်စစ် တပ် အရာရှိ ၂ ဦး ၊ အခြားအဆင့် ၇ ဦး စုစုပေါင်း ၉ ဦးသေဆုံးကာ ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။
အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Eagle Brigade (ANyar Eagle) အဖွဲ့ ၊ ပေါက်တောင်ပိုင်း ၊ Young Revolution Front.ဗိုလ်နားပေါက်အဖွဲ့၊ No More Dictatorship-NMD အဖွဲ့၊ Shadow (Mandalay)အဖွဲ့ နှင့် ပခုက္ကူခရိုင် တပ်ရင်း ၁၉ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီ၏ ကပစ (၂၁) သည် နိုင်ငံတဝန်းရှိ ပြည်သူလူထုကို ဗုံးကြဲသတ်ဖြတ်ရာတွင် အသုံးပြု သော ပေါင် ၂၅၀၊ ပေါင် ၅၀၀ ဗုံးသီးများ ၊ cluster ဗုံးသီးများ အပါအဝင် တိုက်လေယာဉ်သုံး လူသတ် ဗုံး သီးအမျိုးမျိုးကို အဓိကထုတ်လုပ်ပေးနေသည့်စက်ရုံဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် BWM နှင့် မဟာမိတ် အဖွဲ့များက ကပစ ၂၁ ကို လေတပ် ဆက်စပ်ပစ်မှတ်အဖြစ်သော် လည်းကောင်း၊ အရေးပါသော အကြီးစား စစ်ရေး ပစ်မှတ် အဖြစ်သော်လည်းကောင်းသတ်မှတ်၍ BWM Mission 31 အဖြစ် ဖော်ဆောင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။