22.7 C
Yangon

မြိုင်မြို့နယ်အတွင်း ရိက္ခာ လိုက်လံ ပို့ဆောင်နေသည့် စစ်တပ် စစ်ကြောင်းကို အကြိမ်ကြိမ် လိုက်လံ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁၁ ဦးသေဆုံးပြီး ကောက်ယူရရှိသော စစ်သားအလောင်းကို PDF တပ်ဖွဲ့က သဂြိုလ်ပေး

Must read

မြိုင်မြို့နယ်အတွင်း ရိက္ခာ လိုက်လံ ပို့ဆောင်နေသည့် စစ်တပ် စစ်ကြောင်းကို အကြိမ်ကြိမ် လိုက်လံ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁၁ ဦးသေဆုံးပြီး ကောက်ယူရရှိသော စစ်သားအလောင်းကို PDF တပ်ဖွဲ့က သဂြိုလ်ပေး

ရန်ကုန်၊ ဇန်နဝါရီ ၁၉

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရိက္ခာ လိုက်လံ ပို့ဆောင်နေသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို PDF တပ်ဖွဲ့များက အကြိမ်ကြိမ် လိုက်လံ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၁၁ ဦးသေဆုံးခဲ့ပြီး ကောက်ယူရရှိသော စစ်သားအလောင်းကို ကောင်းမွန်စွာ သဂြိုလ်ပေးခဲ့ကြောင်း ပခုက္ကူခရိုင် အမှတ် ၁၅ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၆ ရက်နေ့တွင် ပခုက္ကူမြို့ တပ်မ ၁၀၁ မှ အင်အား ၃၀၀ ကျော်နှင့် ရိက္ခာကား အစီးရေ ၃၅ စီးပါ စစ်ကြောင်းသည် မြိုင်မြို့နယ် အတွင်းဝင်ရောက်လာပြီး ရိက္ခာလာရောက်ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီလ ၇ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲပြီး ကြားဖြတ် လိုက်လံ ပစ်ခတ် တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ တပ်ကြပ် ၁ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ အများအပြားဖြင့် မြိုင်မြို့ပေါ်ကို ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ရောက်ရှိသွားကြောင်း သိရှိရသည်။

ယင်း စစ်ကြောင်းသည် ဇန်နဝါရီလ ၁၃ ရက်နေ့တွင် မြိုင်မြို့ပေါ်မှ အင်အား ၁၅၀ ကျော်နှင့် ရိက္ခာကား ၁၈ စီးပါ စစ်ကြောင်းဖြင့် ကန်နီပျူစောထီးရွာကို ထပ်မံ ရိက္ခာ လာရောက်ပို့ဆောင်စဉ် တော်လှန်ရေး တပ်ဖွဲ့များက ၃ ရက်ဆက် ထပ်မံ လိုက်လံတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ဗိုလ် ၁ ဦး အပါအဝင် ၁၀ ဦးသေဆုံးကာ ၃၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေး ရဲဘော် ၁ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပခုက္ကူခရိုင် အမှတ် (၂ ၊ ၆ ၊ ၇ ၊ ၁၄ ၊ ၁၅ ၊၁၇) တပ်ရင်းများ၊ မြိုင်မြို့နယ် ပ.က.ဖ၊ နဂါးနီအဖွဲ့ (ပ.က.ဖ)၊ဆင်ရိုင်းရာဇာအဖွဲ့ (ပ.က.ဖ)၊ အညာဟီးရိုး-လက်နက်ကြီး (ပ.က.ဖ)၊ ဗစ်တာပြောက်ကျားတပ်ဖွဲ့ (ပ.က.ဖ) ၊ဗိုလ်လင်းမြွေအဖွဲ့ (ပ.က.ဖ) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ယနေ့ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မြိုင်မြို့ပေါ်ကို ပြန်လည် ရောက်ရှိသွားကြောင်း သိရသည်။

ဓာတ်ပုံ – ဇန်နဝါရီလ ၇ ရက်နေ့ တိုက်ပွဲအတွင်း သေဆုံးခဲ့သည့် အကြမ်းဖက် စစ်တပ်ဘက်မှ တပ်ကြပ် စိုးထိုက်ဦး

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article