24 C
Yangon

မုံရွာ-မန္တလေး လမ်းပိုင်းတွင် လူငယ်များကို နေ့စဉ် ပေါ်တာဆွဲ ဖမ်းဆီးနေသည့် စစ်တပ်၏ မြပုလဲဂိတ်ကို ဒရုန်းဖြင့် ၂ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်

Must read

မုံရွာ-မန္တလေး လမ်းပိုင်းတွင် လူငယ်များကို နေ့စဉ် ပေါ်တာဆွဲ ဖမ်းဆီးနေသည့် စစ်တပ်၏ မြပုလဲဂိတ်ကို ဒရုန်းဖြင့် ၂ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၂၂

မုံရွာ-မန္တလေး လမ်းပိုင်းတွင် လူငယ်များကို နေ့စဉ် ပေါ်တာဆွဲ ဖမ်းဆီးနေသည့် အကြမ်းဖက် စစ်တပ်၏ မြပုလဲဂိတ်ကို ဒရုန်းဖြင့် ၂ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Tiger Brothers People’s Defence Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၈ ရက်နှင့် ၁၉ ရက်နေ့တွင် မုံရွာ-မန္တလေး လမ်းပိုင်း၌ ပြည်သူများကို နေ့စဉ် ဆက်ကြေးကောက် ပေါ်တာဆွဲခြင်းများ ပြုလုပ်နေသော အကြမ်းဖက် စစ်တပ်၏ မြပုလဲဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များက ၂ ရက်ဆက်တိုက် M9 ၊ ERO ၊ Droup Bomb လက်လုပ် အီနာကာ ဗုံးသီးများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိပြီး အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေး တပ်ဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“အဲတိုက်ခိုက်မှုမှာ စစ်ခွေးတွေ ထိခိုက်မှုရှိပါတယ်။ ကျနော်တို့ အရေအတွက် သိရဖို့ မဟာမိတ်တွေ အနေနဲ့ ဆက်လက် စုံစမ်း ဆဲပါ” ဟု Tiger Brothers People’s Defence Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း (၄) အထူးကွန်မန်ဒိုတပ်ဖွဲ့ Monywa The Boys ၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း (၄) တပ်ခွဲ (၂) 5/ Commando Force ၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း (၂၃) တပ်ခွဲ ၂ ၊ Tiger Brothers people’s Defence Force၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၈ တပ်ရင်း ၊ တပ်ခွဲ ၂ မိုးကြိုး ကျည်သံ ပျောက်ကြားတပ်ဖွဲ့ နှင့် BLDF အညာမိုင်း အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article