အကြမ်းဖက် မင်းအောင်လှိုင်က စစ်ကောင်စီကို ၆ လ ထပ်မံသက်တမ်းတိုးမည်ဖြစ်ပြီး ယခု ၂၀၂၅ ခုနှစ်အတွင်း ရွေးကောက် ပွဲ မလုပ်တော့ဘဲ ၂၀၂၆ ခုနှစ်တွင် ပြုလုပ်ရန် လျာထားဟုဆို
အကြမ်းဖက် မင်းအောင်လှိုင်က စစ်ကောင်စီကို ယခုလာမည့် ဇန်နဝါရီလကုန်တွင် ၆ လ ထပ်မံ သက်တမ်းတိုးမည်ဖြစ်ပြီး ရွေး ကောက်ပွဲကိုလည်း ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းတွင် ပြုလုပ်ရန် ဆွေးနွေး ပြောဆိုလျာထားကြောင်း နေပြည်တော် တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
လာမည့် ဇန်နဝါရီလ ၃၁ ရက်နေ့ သက်တမ်းကုန်မည့် အကြမ်းဖက်စစ်ကောင်စီကို ယာယီသမ္မတ ခံယူထားသော အကြမ်း ဖက်မင်းအောင်လှိုင် ၆ လ ထပ်မံ သက်တမ်းတိုးမည်ဖြစ်ပြီး ရွေးကောက်ပွဲကိုမူ ယခု ၂၀၂၅ ခုနှစ်အတွင်း ပြုလုပ်ရန် အစား ၂၀၂၆ ခုနှစ်အတွင်း ပြုလုပ်ရန် ပြောဆို ဆွေးနွေးမှုများ ရှိနေကြောင်း၊ လတ်တလော မင်းအောင်လှိုင်၏ သဘောထားအရ ၂၀၂၆ ခုနှစ်အတွင်းမှသာ ရွေးကောက်ပွဲ ဖြစ်နိုင်မည့် အခြေအနေ များရှိနေကြောင်း သိရှိရသည်။
” ဒီလကုန်မှာ ၆ လ သက်တမ်းတိုးမယ်။ ၂၀၂၆ ခုနှစ်အတွင်း အစောဆုံး ဖေဖော်ဝါရီ လောက်မှ ရွေးကောက်ပွဲလုပ်နိုင်မယ်လို့တော့ လောလောဆယ် ဆွေးနွေးမှုအရ သိရတယ်” ဟု တပ်သတင်းရင်းမြစ်က ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာ သိမ်းပြီးနောက် ၆ လ သက်တမ်းတိုးလာခဲ့ပြီး ယခုလာမည့် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ၈ ကြိမ်မြောက် အဖြစ် ၆ လသက်တမ်းတိုးမည်ဖြစ်သည်။
လက်ရှိတွင် မင်းအောင်လှိုင်က ခန့်အပ်ထားသော ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုမှာလည်း ကျန်းမာရေး မကောင်းမမွန်ဖြစ်နေကြောင်း သိရှိရသည်။
ဓာတ်ပုံ- ရန်ကုန်မြို့၊ သု၀ဏ္ဏအားကစားတွင် ယမန်နေ့ ပြုလုပ် တရုတ်နှစ်သစ်ကူးပွဲ တက်ရောက်နေသည့် အကြမ်းဖက် မင်းအောင်လှိုင်နှင့် ကြူကြူလှ လင်မယား။