32 C
Yangon

သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ်ဟောင်း ဦးဇော်ဌေး(မှူးဇော်) ကွယ်လွန်

Must read

ရန်ကုန်၊ မေ ၂၃

NLD အစိုးရလက်ထက် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးဇော်ဌေး(မှူးဇော်)သည် နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံကြီးတွင် ယနေ့ နံနက်ပိုင်း ကွယ်လွန်သွားကြောင်း သိရှိရသည်။

“သူဆေးရုံရောက်တာလည်း ပြန်သိရတယ်။ အခုတော့ ဆုံးသွားပြီလို့ သိရတာပါ။ သတင်းက သေချာပါတယ်။ အတော်တော့ ဖိစီးမှုတွေ ကြုံခဲ့ရမှာပဲ” ဟု နေပြည်တော်တွင် ဦးဇော်ဌေးနှင့် အလွန်ရင်းနှီးသည့် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးသည် သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် သမ္မတရုံး ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article