30 C
Yangon

ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကလေးပျူစခန်းနှင့် စစ်တပ် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၅ ဦး ခန့် သေဆုံးပြီး လက်နက် ၅ လက်သိမ်းဆည်းရရှိ

Must read

ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကလေးပျူစခန်းနှင့် စစ်တပ် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၅ ဦး ခန့် သေဆုံးပြီး လက်နက် ၅ လက်သိမ်းဆည်းရရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၈

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကလေးပျူစခန်းနှင့် စစ်တပ်စစ်ကြောင်းကို တိုက် ခိုက်ခဲ့ရာ စစ်သား ၁၅ ဦးခန့်သေဆုံးပြီး လက်နက် ၅ လက်သိမ်းဆည်းရရှိခဲ့ကြောင်း ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် -BNRA က သတင်းထုတ်ပြန်သည်။

ဇန်နဝါရီလ ၂၈ ရက်နေ့ ည ၈ နာရီအချိန် ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကလေးရွာ ပျူစောထီးစခန်းကို အညာ ညီနောင် စစ်ရေးလှုပ်ရှားမှုအဖြစ် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်သား၊ ပျူစောထီး အများအပြား သေဆုံးခဲ့ပြီး ကာဘိုင် အမျိုးအစား သေနတ် ၄ လက်၊ 12 ဗို့ သေနတ် ၁ လက် သိမ်းဆည်း ရရှိခဲ့ ကြောင်း သိရသည်။

ယင်းစစ်ဆင်ရေးသည် အညာညီနောင် အနေဖြင့်သော်လည်းကောင်း၊ တော်လှန်ရေး အင်အားစု ဖြင့် သော်လည်းကောင်း ပထမဆုံးစီးနင်းတိုက်ခိုက်နိုင်ခဲ့သော စစ်ရေးလှုပ်ရှားအောင်မြင်မှုဖြစ်ပြီး “အညာ ညီနောင်” အနေဖြင့်သာ သီးသန့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၁ ရက် မွန်းတည့် ၁၂ နာရီက အညာညီနောင်စစ်ရေးလှုပ်ရှားမှု အဖြစ် ပွင့်ဖြူ မြို့နယ် အတွင်းသို့ စလင်းအခြေစိုက် ခလရ ၂၅၃ ၊ခလရ ၂၅၄ ခလရ ၂၅၅ ၊ ပွင့်ဖြူအခြေစိုက် ဝါတပ်၊ ငဖဲအခြေစိုက် ကပစ – ၁၄ နှင့် ပျူစောထီးများ ပူးပေါင်းထားသည့်အင်အား ၃၀၀ ကျော်ခန့်ဖြင့် စစ် ကြောင်း ဝင်ရောက်လာခဲ့သည့် စစ်ကောင်စီစစ်ကြာင်းကို မဒဲကျေးရွာနှင့် ရေပုတ်က‌လေး ကျေးရွာ အကြားတွင် အသင့်စောင့်ကြို၍ ခြုံခို ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၅ ဦး ခန့်သေဆုံးပြီး ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အညာညီနောင် မှ ရဲဘော် ၂ ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ် ၄ တပ်ရင်း၊ ပေါက်/မြိုင် စုဖွဲ့မှု (ပကဖ) ၊ Young Force (PKU) ၊ Earthquake Defense Force (PKU) ၊ Joker (ပျောက်ကြားတပ်ဖွဲ့) နှင့် မြိုင် (ပကဖ) ဒရုန်းအဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မကွေးတိုင်းအတွင်းရှိ စစ်ကောင်စီလက်‌ အောက်ခံ စစ်သား ၊ ရဲ ၊ ပျူစောထီး ၊ လက်နက် ကိုင်များကို တိုက်ခိုက်သွားမည်ဖြစ်ပြီး အလင်းဝင်ရောက်လိုသော စစ်သား ၊ ရဲ ၊ ပျူစောထီးများကို နွေးထွေး စွာ ကြိုဆို၍ မိသားစုများကိုလည်း ကောင်းမွန်စွာ စောင့်ရှောက် ပေးထားမည်ဖြစ် ကြောင်း၊ ပြည်သူလူထုနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအနေဖြင့်လည်း အကြမ်းဖက် စစ်ကောင်စီ ပြုတ်ကျ ရေးအတွက် တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်း ပူးပေါင်းပါဝင်ပေးကြပါရန် ဗမာအမျိုးသားတော်လှန်ရေး တပ်မတော်က တိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article