ရပ်စောက်မြို့နယ်၊ ကျိုင်းခမ်းတွင် တာဝန်ကျနေသော ရပခ ၅၁၀ မှ စစ်မှုထမ်း တပ်သား ၁ ဦး လက်နက်ခဲယမ်း များနှင့်အတူ အလင်းဝင်
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျိုင်းခမ်းတွင် တာဝန်ကျနေသော ရပခ ၅၁၀ မှ စစ်မှု ထမ်းတပ်သား ၁ ဦး လက် နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့ကြောင်း ပြည်သူ့ကာကွယ် ရေးအဖွဲ့ – နေပြည်တော်မှမှာ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။
ယနေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ပြည်သူ့စစ်မှုထမ်းအဖြစ် အတင်းအဓမ္မစစ်သား စုဆောင်းခံရပြီး ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ်၊ ကျိုုင်းခမ်းတွင် တာဝန်ကျ နေသော ရပခ ၅၁၀ မှ တပ်သား ရန်နိုင် ကျော်သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီး ဌာန၊ ပြည်သူ့ရင်ခွင်ဌာနနှင့် ချိတ် ဆက်၍ ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာသောကြောင် နေပြည် တော်- ဒက္ခိဏခရိုင် ပြည်သူ့ကာကွယ်ရေး အဖွဲ့(ပကဖ) မှ သွားရောက် ခေါ်ထုတ်ခဲ့ကြောင်း သိရသည်။
ထိုသို့ သွားရောက်ခေါ်ထုတ်စဉ် တပ်သား ရန်နိုင်ကျော်နှင့်အတူ MA-1 အမျိုးအစားသေနတ် ၁ လက်၊ ကျည် ၉၀ တောင့်နှင့် ကျည်ဘောက် ၃ ဘောက်တို့ကို အတူ အလင်းဝင်ခဲ့ခြင်းဖြစ်ပြီး တိုင်း/ခရိုင် ဦး ဆောင်အဖွဲ့မှ လွှဲပြောင်းလက်ခံယူခဲ့ကာ တပ်သား၏ အချက်အလက်များအား စစ်ဆေးမေးမြန်း၍ မှတ်တမ်းတင်ခြင်း လုပ်ငန်းစဉ်တို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“သူက အလင်းဝင်ဖို့ ပြည်သူ့ရင်ခွင်ကိုချိတ်ဆက်ခဲ့တာပါ၊ အဲဒီကနေမှ ကျနော်တို့မြေပြင်အဖွဲ့တွေကို အကြောင်းကြားတဲ့အတွက် သွားရောက်ခေါ်ထုတ်ခဲ့ခြင်းဖြစ်ပါတယ်။ လက်နက်ခဲယမ်းတွေပါလာတဲ့ အတွက် ဆုချီးမြှင့်ဖို့အစီအစဉ်ကတော့ အချက်အလက်တွေစိစစ်ပြီးသက်ဆိုင်ရာကို တင်ပြထားတုန်း ပါ။ အခုလက်ရှိသူ့ကိုတော့ စားဖိုး၊ နေဖို့ အစစအရာရာ အဆင်ပြေအောင်ကူညီပေးထားပါတယ်” ဟု ပြည်သူ့ကာကွယ် ရေးအဖွဲ့ – နေပြည်တော်မှမှာ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။
စစ်ကောင်စီ၏ လက်အောက်တွင် ဆက်လက်အမှုထမ်းနေသော တပ်သားများအနေဖြင့် အာဏာရှင် တစု၏ အကျိုးအတွက်ဆောင်ရွက်နေခြင်းကို အမြန်ဆုံးစွန့်လွှတ်၍ ပြည်သူနှင့် ပူးပေါင်းကြရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့-နေပြည်တော်က တိုက်တွန်းထားသည်။
![](https://yktnews.com/wp-content/uploads/2025/02/476556058_987091793518427_7033492624284119372_n.jpg)
![](https://yktnews.com/wp-content/uploads/2025/02/476504883_987091830185090_8054718138693032328_n.jpg)
![](https://yktnews.com/wp-content/uploads/2025/02/476558434_987091926851747_40826223503446384_n.jpg)