26 C
Yangon

ဘီးလင်းမြို့နယ်၊ တဂေးလောင်းကျေးရွာနှင့်ဘုန်းကြီးကျောင်းကို တိုက်ပွဲမဖြစ်ဘဲ စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးကျဲမှု ဘုန်းကြီး ကျောင်း၊ စေတီနှင့် နေအိမ် ၁၇ လုံးပျက်စီး

Must read

ဘီးလင်းမြို့နယ်၊ တဂေးလောင်းကျေးရွာနှင့်ဘုန်းကြီးကျောင်းကို တိုက်ပွဲမဖြစ်ဘဲ စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးကျဲမှု ဘုန်းကြီး ကျောင်း၊ စေတီနှင့် နေအိမ် ၁၇ လုံးပျက်စီး

ရန်ကုန်၊ ဖေဖော်ဝါရီ ၉

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တဂေးလောင်းကျေးရွာနှင့်ဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ဘုန်း ကြီးကျောင်း၊ စေတီနှင့် နေအိမ် ၁၇ လုံးပျက်စီးကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

ယနေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၈ မိနစ်အချိန် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မင်းစောကျေးရွာအုပ်စု၊ တဂေးလောင်းကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးကျဲချခဲ့ရာ ကျေးရွာ ဘုန်းကြီးကျောင်းဝန်းထဲသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် တဂေးလောင်းရွာ ဘုရားစေတီနှင့် အဆောက်အအုံများ ထိခိုက်ပျက်စီးပြီး တဂေးလောင်းရွာ လူနေအိမ်၊အဆောက်အအုံများ၏ အိမ်ခေါင်မိုး၊ ဘုရားကျောင်းဆောင်နှင့်အိမ်အကာများ ပျက်စီးမှု စုစုပေါင်းနေအိမ် ၁၇ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်း တိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် လေကြောင်းတိုက်ခိုက်မှုများကို အရှိန်အဟုန်မြှင့် တိုးမြှင့်လုပ်ကိုင် လာနေကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များက ပြောဆိုကြသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article