26 C
Yangon

မုံရွာတွင် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၈ ဦးသေဆုံး၊ မုံရွာ-မန္တလေး လမ်းပိုင်းတွင်လည်း စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁ ဦးသေဆုံး

Must read

မုံရွာတွင် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၈ ဦးသေဆုံး၊ မုံရွာ-မန္တလေး လမ်းပိုင်းတွင်လည်း စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၉

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၈ ဦးသေဆုံးခဲ့ကြောင်း People’s Defence Force – South Monywa မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင် စွမ်းရည်ထက် စစ်တပ်ဂိတ်မှ စစ်သားများနှင့် တောပုပျူသောထီးရွာမှ ထွက်လာသော စစ်သားများသည် မုံရွာမြို့နယ်၊ ကြေးမုံရွာ အနီး၌ ရောက်ရှိနေစဥ် တော်လှန်ရေး တပ်ဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲ ၃ ကြိမ် အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၈ ဦး ပွဲချင်းပြီး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်း များပြားကြောင်း၊ တိုက်ပွဲဖြစ်ပွားနေစဉ် အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်ကူများ ရောက်ရှိလာသောကြောင့် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ် ၁၁ တပ်ရင်း (People’s Defence Force – South Monywa) ၊ မုံရွာခရိုင်တပ်ရင်း ၂၂ ၊ ကျောက်ဆည်ခရိုင် တပ်ရင်း ၂ ၊ တပ်ခွဲ ၄ ၊ မုံရွာမြို့နယ်၊ တိုက်နယ် ၄ ရပ်ကျေးပကဖ ၊ Brave Heart Army နှင့် Golden Target Force တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်ကလည်း ရေးပိုးစားဘက် ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နတ်ရေကန်ရွာရှိ စစ်တပ်စခန်းဘက်ကို ထွက်လာစဥ် People’s Defence Force – South Monywa မှ တော်လှန်ရေး ရဲဘော်များက ပဒေသာမိုင်း ၃ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။

” စစ်ခွေးတွေက ပြည်သူတွေကို ဖမ်းဆီး ခေါ်ဆောင်သွားတာတော့ မရှိပါဘူး။ ကျနော်တို့ တိုက်ခိုက်မှု အတွင်း ပိတ်မိနေတဲ့ ပြည်သူတွေကိုတော့ ကယ်ထုတ်နိုင်ခဲ့ပါတယ်” ဟု People’s Defence Force – South Monywa မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

မုံရွာ-မန္တလေး လမ်းပိုင်းကို အသုံးပြုနေသော ပြည်သူများအနေဖြင့် စစ်ကောင်စီ ကားတန်းများနှင့် တွေ့ဆုံပါက ခပ်ဝေးဝေးမှ ရှောင်ရှားကြရန်နှင့် တိုက်ပွဲဖြစ်ပွားသည်နှင့် ရင်ဆိုင်ရပါက ရောက်ရှိနေသော နေရာတွင် ရပ်တန့်ပေးထားကြရန် မေတ္တာရပ်ခံကြောင်း People’s Defence Force – South Monywa မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article