25 C
Yangon

ဧည့်စာရင်း၊ ထောက်ခံစာနှင့်မီတာခအတွက် ငွေအတင်း တောင်းသည့် ဒဂုံမြောက်ပိုင်း ၄၅ရပ်ကွက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး၊ ကြံ့ဖွတ်ပါတီစည်းရုံးရေးမှူး ခင်မောင်သန်းကို “ငွေပေးစရာရှိတယ်” ဆိုပြီး လူငယ်များက သေနတ်ဖြင့် ဝင်ပစ်ရောက် ပစ်သတ်

Must read

ရန်ကုန်၊ မေ ၂၄

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ၄၅ ရပ်ကွက်တွင် ဧည့်စာရင်းတိုင်ခြင်း၊ ထောက်ခံစာ ရေးပေးခြင်း၊ မီတာခ မဆောင်သူများကို ငွေကြေးတောင်းခံခြင်း၊ မီးဖြတ်ခြင်းများ လုပ်ဆောင်နေသူ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ခင်မောင်သန်းနေအိမ်သို့ “ငွေပေးစရာရှိတယ်” ဆိုပြီး လူငယ်များ ဝင်ရောက်လာကာ သေနတ်ဖြင့် ပစ်သတ်သွားကြောင်း သိရှိရသည်။

မေလ ၂၄ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်အချိန် စစ်ကောင်စီခန့် ဒဂုံမြို့သစ်မြောက်ပိုင်း ၄၅ ရပ်ကွက်အုပ်ချုပ်ရေးမှူးခင်မောင်သန်းနေအိမ်သို့ လူငယ်များက ဝင်ရောက်လာပြီး သေနတ်ဖြင့် ပစ်သတ်သွားခြင်းဖြစ်ကြောင်း၊ သေဆုံးသူ ခင်မောင်သန်းသည် ကြံ့ခိုင်ရေးပါတီဝင် ပါတီရပ်ကွက်စည်းရုံးရေးမှူးတစ်ဦးလည်းဖြစ်ကာ ရပ်ကွက်ကျူးကျော်မြေတွင်နေထိုင်သူဖြစ်ကြောင်း သိရသည်။

“ဒီနေ့မနက် ၁၁နာရီ၀န်းကျင်မှာ ‌မြောက်ဒဂုံ ၄၅ ရပ်ကွက်က အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ကြီးခင်မောင်သန်း ကိုလူငယ်လေးဦးက အိမ်ထဲထိ ၀င်ပစ်သွားလို့ သေဆုံးသွားပါတယ်။ အရင်ရက်က အုပ်ကြီးက ဧည့်စာရင်းတိုင်တာ ထောက်ခံစာရေးပေးတာတို့ကို အတင်းအကျပ်ငွေးကြေးတောင်းခံတယ်။ မနေ့ မေလ ၂၃ ရက်နေ့မှာ ၄၅ရပ်ကွက်အတွင်းက မီတာမဆောင်တဲ့နေအိမ်များကို မီးလိုက်ဖြတ်တာမှာလည်း အုပ်ကြီးပါတယ် ။ ဒီမနက်ပိုင်းမှာတော့ လူငယ် ၄ ဦးက ပိုက်ဆံလာပေးတာပါလို့ပြောပြီး အိမ်ထဲဝင်ပစ်သွားခဲ့ပါတယ်။ လူငယ် ၄ ဦးက ပြောသွားပါသေးတယ်။ နောက်ထပ်ပိုက်ဆံလိုချင်တဲ့ အုပ်ကြီးတွေရှိသေးရင်ပြောပါ။ ထပ်လာပေးပါမယ် ဆိုပြီး အုပ်ကြီးရဲ့ သားကို ပြောသွားတယ်” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article