မူးမြို့နယ်တွင် ခလရ ၇၃ တပ်ရင်း လက်အောက်ခံ သပြေညွှန့် စခန်းမှ စစ်ကောင်စီ စစ်သား ၁ ဦး သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်တွင် ခလရ ၇၃ တပ်ရင်း လက်အောက်ခံ သပြေညွှန့် စခန်းမှ စစ်ကောင်စီ စစ်သား ၁ ဦး သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။
ထိုသို့ အလင်းဝင်ရောက်သော စစ်ကောင်စီ တပ်သား ကိုစိုးသူသည် လက်နက် ၁ လက် ၊ ကျည် ၇၀ တောင့်နှင့် အတူ မူးမြို့နယ်၊ တပ်ရင်း ၈ ထံကို လက်နက်ချ အလင်း၀င်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရဿည်။
ယင်းသို့ လက်နက်ချ အလင်း၀င်ရောက်လာသော စစ်ကောင်စီ တပ်သား ကိုစိုးသူကို မြို့နယ်တာ၀န်ရှိ ခေါင်းဆောင်မှ ဂုဏ်ပြုဆုငွေ ၁၀ သိန်းကျပ် ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ အကြမ်းဖက် စစ်ကောင်စီတပ်က အာဏာရှင်ကို ဆန့်ကျင်ပြီး ပြည်သူများနှင့် အတူ ပူးပေါင်းကာ စစ်အာဏာရှင်စနစ်ကို တိုက်ထုတ်သွားမည့် မည်သူကိုမဆို နွေးထွေးစွာ ကြိုဆိုလျက်ရှိကြောင်း KNU မူးမြို့နယ်တာ၀န်ရှိသူ ခေါင်းဆောင်မှ တိုက်တွန်းထားကြောင်း သိရသည်။

