28.1 C
Yangon

ကြို့ပင်ကောက်တွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးရာ၌ ဦးဆောင်ပါဝင်နေသည့် ဂွေးကောင်းပင်ရွာ အုပ်ချုပ်‌ရေးမှူး ကံမြင့်နှင့် မယားဖြစ်သူတို့ ပစ်ခတ်ခံရပြီး ၂ ဦးလုံးသေဆုံး

Must read

ကြို့ပင်ကောက်တွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးရာ၌ ဦးဆောင်ပါဝင်နေသည့် ဂွေးကောင်းပင်ရွာ အုပ်ချုပ်‌ရေးမှူး ကံမြင့်နှင့် မယားဖြစ်သူတို့ ပစ်ခတ်ခံရပြီး ၂ ဦးလုံးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးရာ၌ ဦးဆောင်ပါဝင်နေသည့် ဂွေးကောင်းပင်ရွာ အုပ်ချုပ်‌ရေးမှူး ကံမြင့်နှင့် မယားဖြစ်သူတို့ကို ပစ်ခတ် တိုက်ခိုက်ရာ ၂ ဦးလုံးသေဆုံးခဲ့ကြောင်း အမှတ် ၁ တပ်ရင်း တပ်ခွဲ ၅ မှ ကိုမိုးကြိုးလေး⁩က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ကြို့ပင်ကောက်မြို့နယ်၊ ဂွေးကောင်းပင်ရွာ အုပ်ချုပ်‌ရေးမှူး ကံမြင့်ကို သာယာဝတီခရိုင် တပ်ရင်း အမှတ် ၃၈၀၁ တပ်ခွဲ ၅ ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့မှ တော်လှန်ရေး ရဲဘော်များက နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်စဉ် ကံမြင့် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ကံမြင့်၏ မယားဖြစ်သူ ခင်ဝင်းက တော်လှန်ရေး တပ်ဖွဲ့များကို ဓားမဖြင့် ခုတ်ရန် ပြေးလာစဉ် ထပ်မံ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ခင်ဝင်းပါ ထပ်မံ သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော ကံမြင့်သည် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ပြည်ဘက်သို့ ပျူစောထီး ၂၀ ဦးကို စစ်သင်တန်း ပို့ဆောင်ရန်လုပ်ဆောင်နေခြင်းဖြစ်ပြီး ကျေးရွာအတွင်းတွင်လည်း လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးရာ၌ ဦးဆောင်နေသူ ဖြစ်ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်နှင့် ပူးပေါင်းပြီး အခွန်ကြေး၊ ဆက်ကြေးများ ကောက်ခံနေသူဖြစ်ကာ ပြည်သူများနှင့် PDF အဖွဲ့များကို စုံစမ်းလေ့လာနေသူလည်း ဖြစ်ကြောင်း၊ ကံမြင့်က ပျူစောထီး သင်တန်းဆင်းပြီး ပြန်လာသူများကိုလည်း မြို့လည်ချောင်း-ရှမ်းကွင်း-ဂွေးကောင်းပင် လမ်းဆုံများရှိ ပျူစောထီး ဂိတ်စခန်းများတွင် အထိုင်ချရန် လယ်ကွက်များ ကြိုတင်ဝယ်ယူထားသောကြောင့် တိုက်ခိုက်ခဲ့ရခြင်းဖြစ်ကြောင်း ကိုမိုးကြိုးလေး⁩က ရှင်းပြသည်။

” အုပ်ချုပ်‌ရေးမှူး ဦးကံမြင့်ကို ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲက ရဲဘော်တွေက နေအိမ်ထဲ ဝင်ရောက် ပစ်ခတ် ရှင်းလင်းခဲ့တာ နေရာမှာ ပွဲချင်းပြီးသေဆုံးတယ်။ သူ့မယား ဖြစ်သူ ခင်ဝင်းက သူတို့ဖွဲ့စည်းထားတဲ့ ပျူစောထီတွေရှိနေသလိုနဲ့ အော်ပြီး ကျနော်တို့ ရဲဘော်တွေကို ဓားမနဲ့ ပြေးခုတ်လို့ ထပ်မံ ပစ်ခတ်ခဲ့တာ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားတယ်” ဟု အမှတ် ၁ တပ်ရင်း တပ်ခွဲ ၅ မှ ကိုမိုးကြိုးလေး⁩က ပြောဆိုသည်။

ဆက်လက်၍ စစ်ရေးမြှင့်တင် လှုပ်ရှားဆောင်ရွက်မည်ဖြစ်၍ ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်တပ်နှင့် ‌ပျူစောထီးဒေါက်တိုင်များ စစ်ကောင်စီ ယန္တရားများနှင့်‌ အတတ်နိုင်ဆုံး ရှောင်ရှားသွားလာနေထိုင်ကြရန် မေတ္တာခံလိုကြောင်း၊ သာယာဝတီခရိုင် တပ်ရင်း အမှတ် ၃၈၀၁ တပ်ခွဲ ၅ ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့သည် စစ်အာဏာရှင် စနစ်ဆိုးကြီးအမြစ်ပြတ်သည်အထိ ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ကိုမိုးကြိုးလေးက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article