ခလရ ၂၆၆ တပ်ရင်းမှ စစ်သား ၃ ဦးနှင့် ဟားခါးမှ စစ်သား ၁ ဦး လက်နက်ခဲယမ်းများနှင့် အတူ အလင်းဝင်
ချင်းပြည်နယ်၊ ဟားခါးမြို့အခြေစိုက် ခလရ ၂၆၆ တပ်ရင်းမှ စစ်ကောင်စီတပ်သား ၃ ဦး လက်နက် ခဲယမ်းများနှင့်အတူ အလင်းဝင်ခဲ့သဖြင့် ငွေကျပ် သိန်း ၄၀ နှင့်အခြားအဖိုးတန်ပစ္စည်းများ ချီးမြှင့်ပေး ခဲ့ကြောင်း Senthang Revolution Force – SRF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၂၄ ရက် နေ့က ဟားခါးမြို့အခြေစိုက် ခလရ ၂၆၆ တပ်ရင်းမှ စစ်သား ၂ ဦး သည် MA1 အမျိုးအစား သေနတ် ၂ လက်ဖြင့်လည်းကောင်း၊ ဖေဖော်ဝါရီ ၁၉ ရက်နေ့ကလည်း ခလရ ၂၆၆ မှ စစ်ကောင်စီတပ်သား ၁ ဦးသည် MA1 အမျိုးအစား သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ခုဖြင့် လည်းကောင်း အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။
“မနေ့က ၂ ယောက်ကတော့ စစ်မှုထမ်းဟောင်းတွေပါ၊ အရင်တစ်ယောက်ကတော့ အသစ်ပေါ့၊ အ ခြားသော ရဲဘော်တွေအားလုံးလည်းအချိန်ရှိတုန်း ပြည်သူ့ထံပါဝင်စေချင်တယ်၊ ပြည်သူထံပါဝင်ချင် သူအားလုံးကို SRF က ကိုဆိုလက်ခံနေပါတယ်” ဟု Senthang Revolution Force – SRF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
ထိုသို့ လက်နက်ခဲယမ်းများဖြင့် ပြည်သူ့ထံပူးပေါင်းပါဝင်လာသည့် စစ်ကောင်စီတပ်သားများကို Senthang Revolution Force – SRF တပ်ဖွဲ့မှ တစ်ဦးလျှင် ငွေကျပ် သိန်း ၄၀ နှင့်အတူ အခြား အဖိုးတန်ပစ္စည်းများကို ဆုချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
အလားတူ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်ရှိ စစ်စခန်းမှ စစ်ကောင်စီ တပ်သား ၁ ဦးမှာလည်း သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း CDF-Hakha ထံမှ သိရသည်။
ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ဟားခါးမြို့နယ်ရှိ စစ်တပ်စခန်းမှ စစ်ကောင်စီ တပ်သား ၁ ဦးသည် သေနတ် ၁ လက်ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်တပ်အတွင်း ကျန်ရှိနေသော စစ်ကောင်စီ တပ်သားများဖြင့်လည်း ပြည်သူနှင့် အတူပူးပေါင်း၍ ဆက်လက် အလင်းဝင်ရောက်ရန် CDF-Hakha က ဖိတ်ခေါ်ထားကြောင်း သိရသည်။


