26 C
Yangon

မုံရွာမြို့တွင်းမှ ထွက်လာသော သံပြားကာကား ၂ စီးကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ဒုဗိုလ် ၁ ဦး အပါအဝင် ၁၇ ဦး သေဆုံးပြီး လက်နက် ၁၂ လက် သိမ်းဆည်းရရှိ၊ သံပြားကာကား ၂ စီးကို မီးရှို့ဖျက်ဆီး

Must read

မုံရွာမြို့တွင်းမှ ထွက်လာသော သံပြားကာကား ၂ စီးကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ဒုဗိုလ် ၁ ဦး အပါအဝင် ၁၇ ဦး သေဆုံးပြီး လက်နက် ၁၂ လက် သိမ်းဆည်းရရှိ၊ သံပြားကာကား ၂ စီးကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ မတ် ၆

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင်းမှ ထွက်လာသော သံပြားကာကား ၂ စီးကို ကြားဖြတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ဒုဗိုလ် ၁ ဦး အပါအဝင် ၁၇ ဦး သေဆုံးပြီး လက်နက် ၁၂ လက် သိမ်းဆည်းရရှိကား ကား ၂ စီးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း Chaung U People’s Defence Force မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၄ ရက်နေ့ ညနေ ၃ နာရီ ၁၀ မိနစ်ခန့်တွင် မုံရွာမြို့တွင်းမှ ထွက်လာသော သံပြားကာကား ၂ စီးသည် ချောင်းဦးမြို့ကို ဖြတ်၍ မြင်းမူဘက်ကို ဦးတည်ထွက်ခွာစဉ် မုံရွာ-မန္တလေး လမ်း တစ်နေရာတွင် တော်လှန်ရေး ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များက စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ဒုဗိုလ် ၁ ဦး အပါအဝင် ၁၇ ဦး သေဆုံးခဲ့ပြီး တော်လှန်ရေး ရဲဘော် ၁ ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှု အတွင်း ချောင်းဦးမြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီ အထိုင်စခန်းဖြစ်သော စိုက်ကွင်းရုံးနှင့် မြပုလဲ အထိုင်ဂိတ်မှ ၁၂၀ မမ လက်နက်ကြီး ၁၀၆ ကြိမ် ပစ်ကူပေး တိုက်ခိုက်ခဲ့ကာ နမခ မှ စက်တပ် လေထီးဖြင့် ၂ ကြိမ် လေကြောင်းပစ်ကူပေး တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီတပ်သားများ စီးနင်းလာသော သံပြားကာကား ၂ စီး၊ MA 1 (၄) လက်၊ MA 3 (၁) လက်၊ MA 11 (၃) လက်၊ G 3 (၁) လက်၊G 1(၁)လက် ၊ 60 mm စိန်ပြောင်း (၁) လက်၊ Lala (၁) လက် ၊ ကျည်ဘောက်မျိုးစုံ (၂၂)ဘောက် သိမ်းဆည်းရကာ သံပြားကာ ကား ၂ စီးမှာ မောင်းနှင်မရတော့သောကြောင့် မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

“ကားပေါ်ပါလာတဲ့ စစ်ခွေးတွေထဲမှာ ထွက်ပြေးတာလည်းရှိတယ်။ အရှင်မိတာတော့ မရှိပါဘူး” ဟု Chaung U People’s Defence Force မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် CHU PDF နှင့် ပူးတွဲတာဝန်ထမ်းဆောင်လျှက်ရှိသော ယင်းမာပင်မြို့နယ် ပကဖ လက်ရုံးတပ် ULF စစ်ကြောင်း၊ B21 တပ်ရင်း ၊ ရတနာပုံ ၊ Chindwin Brother ၊ Bandula Defence Force (ဘုတလင်) ၊ Three Brothers Force (ကနီ) ၊ Special Force 11 ၊ Immortal Guerrilla Force ၊ Sagaing District Drone Team (SDDT) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း SRC (Spring Revolution Cilinic) မှ ဆေးဘက်ဆိုင်ရာ အကူအညီပေးခဲ့ပြီး ရင်းမြစ် လေကြောင်းအထိုင်မှ လေကြောင်းကင်းထောက်မှု ကူညီပေးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article