ဆားလင်းကြီးရှိ ရေရှည်စစ်ရှောင်များကို အာဟာရဒါန ထောက်ပံ့၊ စစ်ရှောင်ကလေးငယ်များကို စာရေးကိရိယာများကိုလည်း ထောက်ပံ့
ဆားလင်းကြီးမြို့နယ်ရှိ ရေရှည်စစ်ရှောင်စခန်းမှ စစ်ရှောင်ပြည်သူများကို မွေးနေ့အလှူရှင် ” သားသားပီယာနို “ကိုယ်စား ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်က အာဟာရဒါန ထမင်းတနပ် ကူညီထောက်ပံ့ခဲ့ကြာင်း သိရှိရသည်။
ထို့ပြင် ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်က ကြားကာလဖက်ဒရယ်ပညာရေးတွင်ပညာသင်ကြားနေသော စစ်ရှောင် စခန်း ၂ ခုမှ စစ်ရှောင် ကျောင်းသား/သူ များကိုလည်း စာရေးကိရိယာများ ကူညီထောက်ပံ့ခဲ့ကြောင်း သိရှိရသည်။


