29 C
Yangon

ရေးမြို့ စစ်ကောင်စီ၏ ခလရ ၁၉ မှ တပ်ကြပ်ကြီး ဇူလှိုင်ဌေး အပါအဝင် တပ်သား ၆ ဦး လက်နက်ခဲယမ်းများနှင့်အတူ ရေးဘီလူးအဖွဲ့ထံတွင် အလင်းဝင်

Must read

ရေးမြို့ စစ်ကောင်စီ၏ ခလရ ၁၉ မှ တပ်ကြပ်ကြီး ဇူလှိုင်ဌေး အပါအဝင် တပ်သား ၆ ဦး လက်နက်ခဲယမ်းများနှင့်အတူ ရေးဘီလူးအဖွဲ့ထံတွင် အလင်းဝင်

ရန်ကုန်၊ မတ် ၁၄

မွန်ပြည်နယ် ရေးမြို့ရှိ အကြမ်းဖက်စစ်တပ်၏ ခလရ ၁၉ တပ်ရင်းတွင် တာဝန်ထမ်းဆောင်နေသော တပ်ကြပ် ကြီး ၁ ဦးအပါအဝင် တပ်သား စုစုပေါင်း ၆ ဦးသည် ရေးဘီလူးတပ်ရင်းထံတွင် လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ယနေ့ မတ်လ ၁၄ ရက်နေ့ ခလရ ၁၉ မှ တပ်ကြပ်ကြီး ဇူလှိုင်ဌေး MA3 လက်နက်တစ်လက်၊ ကျည်ဘောက် ၂ ဘောက်၊ ကျည် ၆၀ နှင့်အတူလာရောက်အလင်းဝင်ခဲ့ခြင်း ဖြစ်ပြီး တပ်ကြပ်ကြီး ကိုဇူလှိုင်ဌေး ကို ဆုငွေကျပ်သိန်း ၃၀ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း ရေးဘီလူးအဖွဲ့ထံမှ သိရှိရသည်။

“အလင်းဝင်ချင်တဲ့ လူတွေ ရှိရင်တော့ ကျွန်တော်တို့ကို တိုက်ရိုက်ဆက်သွယ်လို့ရတယ်။ ကျွန်တော် အသုံးပြုတဲ့ Facebook အကောင့်တွေကနေ ဆက်သွယ်လို့ရတယ်။ အလင်းဝင်တဲ့ လူတွေ အကုန်လုံးက စစ်မှုထမ်းဆောင်မယ့်လူ‌တွေ မဟုတ်ဘူး။ တခြားတပ်သားတွေက ကျတော့ ပြန်မယ့်လူတွေကလည်း ပြန်မယ်။ နောက်ပြီးတော့ အခြေအနေကို ကြည့်ပြီးတော့ တခြား ကဏ္ဍဘက်ခြမ်း ဆောင်ရွက်မယ့်လူတွေ ရှိရင်လည်း ဆောင်ရွက်သွားမှာပေါ့။ အတိအကျတော့ မမေးမြန်းရသေးဘူး။ သူတို့ရဲ့ ဆန္ဒအတိုင်း ဆောင်ရွက်ပေးသွားမယ်” ဟု ရေးဘီလူးအဖွဲ့ ခေါင်းဆာင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ရေးဘီလူးအဖွဲ့ထံသို့ အလင်းဝင်‌‌ရောက်ခဲ့သူများမှာ တပ်ကြပ်ကြီးကိုဇူလှိုင်ဌေး ၊ တပ်သားစောပြည့်ဟိန်း၊ တပ်သားဝေယံထွဋ် ၊ တပ်သားခွန်အေးနိုင်စိုး၊ တပ်သားကျော်သက်ဦး၊ တပ်သားဝေမင်းပိုင် တို့ဖြစ်ကြကြောင်း သိရှိရသည်။

မွန်ပြည်နယ်ထဲတွင် တာဝန်ထမ်းဆောင်နေသော ရဲ နှင့် စစ်သားများ လာရောက်ပူးပေါင်းရန် ဖိတ်ခေါ်ကြောင်း ရေးဘီလူးအဖွဲ့ က ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article