32 C
Yangon

စဉ့်ကူး၊ လက်ပံလှရွာကို စစ်လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် သေဆုံးသူ ၂၇ ဦးတွင် ရုပ်အလောင်းပျက်စီးသူများ ပါဝင်ပြီး အလောင်းများထပ်မံရှာဖွေနေ၊ ဒဏ်ရာရသူ ၃၂ ဦးတွင်လည်း စိုးရိမ်ရသူများပါဝင်သဖြင့် သေဆုံးသူ ထပ်တိုးလာနိုင်

Must read

စဉ့်ကူး၊ လက်ပံလှရွာကို စစ်လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် သေဆုံးသူ ၂၇ ဦးတွင် ရုပ်အလောင်းပျက်စီးသူများ ပါဝင်ပြီး အလောင်းများထပ်မံရှာဖွေနေ၊ ဒဏ်ရာရသူ ၃၂ ဦးတွင်လည်း စိုးရိမ်ရသူများပါဝင်သဖြင့် သေဆုံးသူ ထပ်တိုးလာနိုင်

ရန်ကုန်၊ မတ် ၁၅

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပံလှရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ၄ လ အရွယ် ကလေးငယ် နှင့် ကလေး ၆ ဦး အပါအဝင် ပြည်သူ ၂၇ ဦး သေဆုံးပြီး ၃၂ ဦး ထိခိုက်ဒဏ်ရာရကာ သေဆုံးသူအရေအတွက် တိုးလာနိုင်ကြောင်း စဥ့်ကူးမြို့နယ် ပကဖ သတင်း တာဝန်ခံက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ မတ်လ ၁၄ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၄ မိနစ်ခန့်တွင် စဉ့်ကူးမြို့နယ်၊ လက်ပံလှရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း အသက် ၄ လ အရွယ် ကလေးငယ် ၁ ဦး နှင့် ကလေး ၆ ဦး အပါအဝင် ပြည်သူ ၂၇ ဦး သေဆုံးခဲ့ပြီး ပြည်သူ ၃၂ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာရရှိသူ ၃၂ ဦးတွင်လည်း အသက် အန္တရာယ် စိုးရိမ်ရသော ပြင်းထန်ဒဏ်ရာရရှိသူများ ပါဝင်ပြီး သေဆုံးမှု အရေအတွက် ထပ်တိုးနိုင်ကြောင်း၊ ထို့ပြင် ပြည်သူပိုင် နေအိမ် ၅ လုံးလည်း မီးလောင် ပြာကျခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးတွေက အကြောင်းမဲ့ ဗုံးကျဲ တိုက်ခိုက်သွားတာပါ။ ထိခိုက်ဒဏ်ရာရရှိသူတွေထဲမှာ စိုးရိမ်ရ ဒဏ်ရာရတဲ့သူတွေ ပါဝင်ပါတယ်။ အခု အတည်ပြုနိုင်တာ ၂၇ ဦးပေါ့။ အသက် ၄ လ အရွယ် ကလေးငယ်နဲ့ ကလေး ၆ ဦးလည်း သေဆုံးမှုထဲမှာ ပါဝင်တယ်လို့ သိရတယ်။ တချို့ရုပ်အလောင်းတွေက မီးလောင်ကျွမ်းသွားတယ်။ နယ်မြေရှင်းလင်းရေး လုပ်ပြီး ရုပ်အလောင်းတွေ ရှိနိုင်ဦးမလား ရှာဖွေနေပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူကတော့ ၃၂ ဦးရှိတယ်။ နေအိမ် ၅ လုံးလည်း မီးလောင်ပြာကျသွားတယ်” ဟု စဥ့်ကူးမြို့နယ် ပကဖ သတင်း တာဝန်ခံက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article